သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-20
NCA အပစ်ရပ် လက်မှတ်မရေးထိုးကြ ရသေးတဲ့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေကို ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်ဖို့ အထူး ဖိတ်ကြားသူ အနေနဲ့ မနေ့က ဖိတ်ကြားလိုက်ပေမယ့် တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ ရက္ခိုင့်တပ်မတော် AA နဲ့ ကိုးကန့်အဖွဲ့ MNDAA အဖွဲ့တွေကို ဖိတ်ကြားခံရခြင်း မရှိဘူးလို့ ပြောပါတယ်။
2017-05-20
ချင်းပြည်နယ် ကန်ပက်လက်မြို့နဲ့ မကွေး တိုင်းဒေသကြီး ဆောမြို့နယ်ကြားက သလင်းချောင်းမှာ တည်ဆောက်ထားတဲ့ ချီစုမ်းတံတား အရည်အသွေး မပြည့်မီတဲ့ကိစ္စကို အစိုးရအနေနဲ့ စိစစ်ပေး ဖို့ ဒေသခံ ၁ဝဝ ကျော်က ဒီကနေ့ ကန်ပက်လက်မြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-05-20
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်မှာ မနေ့ က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ကျေးရွာတချို့ က နေအိမ် ၁၇ဝ ကျော် ပျက်စီးခဲ့ပြီး လူတစ်ဦး မိုးကြိုးထိမှန်သေဆုံးကာ တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြို့နယ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီး ဌာနရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာ က ပြောပါတယ်။
2017-05-20
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို နုတ်ထွက်ပေးဖို့ မြန်မာဗုဒ္ဓ ဘာသာ နိုးကြားရေးအသင်း(ရန်ကုန်) က ဦးဆောင်တဲ့ သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ် လူ(၃ဝဝ ) လောက်က တောင်းဆိုလိုက်ပါတယ်။
2017-05-20
ဧရာဝတီမြစ်ဆုံ စီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထား ဟာ ပြည်သူ့သဘောထားအတိုင်းပဲဖြစ် တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြောပါတယ်။
2017-05-20
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန် ရတနာနယ်မြေမှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန် ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၃ ဦးသေဆုံးခဲ့ တာနဲ့ပတ်သက်ပြီး စစ်ဆေးဖို့အတွက် တိုင်းဒေသကြီးအစိုးရ အဖွဲ့က မနေ့က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတယ်။
2017-05-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးရဲ့ အခြေအနေဟာ တိုးတက်မှု ရှိတယ်လို့ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ ဆေးကုဌာနက ဒေါက်တာ ဒေါ်ဝင်းမင်းသစ် ကပြောပါတယ်။
2017-05-19
အခြေခံပညာ အထက်တန်းကျောင်းတွေမှာ ဝိဇ္ဇာဘာသာတွဲ သင်ယူတဲ့ ကျောင်းသား ၊ ကျောင်းသူနည်းတဲ့အတွက် ဘာကြောင့်နည်းတာလဲဆိုတာ ကို အခုလာမယ့် ကျောင်းအပ်ရာသီမှာ ပြန်လည်ဆန်းစစ် သွားမှာဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပြည်သူ့လွှတ်တော်မှာ ဖြေကြားခဲ့ပါတယ်။
2017-05-19
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံနိုင် ငံတွေက ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံနေကြတဲ့ သတင်း ဓာတ်ပုံနဲ့အတူ "ဒဏ်ရာရ တောဆင်ရိုင်းတစ်ကောင် တွေ့ ရှိသဖြင့် လိုက်လံစောင့်ကြပ် ဆေးကုသပေး" ဆိုတဲ့ ခေါင်း စဉ်နဲ့ ဖော်ပြခဲ့တဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက ဒီ ကနေ့ ပြန်လည်တောင်းပန်လိုက်ပါတယ်။
2017-05-19
သာသနာရေးဝန်ကြီးဌာန ဝန်ကြီးဦးအောင် ကို ကိုဆန္ဒပြမယ့်အစီအစဉ်ဟာ အမျိုးဘာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နဲ့ မသက်ဆိုင်ကြောင်း နေပြည်တော်တိုင်း မဘသအဖွဲ့ က ကြေညာချက် ထုတ်ပြန်လိုက်သလို မဘသ ဗဟိုကလည်း ဒီကိစ္စဟာ မဘသနဲ့ မသက်ဆိုင်ကြောင်း ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။
2017-05-19
ချင်းပြည်နယ် ကန်ပက်လက်မြို့ ဘောင် ဘင်ကျေးရွာအုပ်စု ဆိုင်နန်ရွာနဲ့ မကွေး တိုင်းဒေသကြီး ဆောမြို့နယ် ဆွဲလွဲ ကျင်းကျေးရွာကို ဆက်သွယ်ထားတဲ့ ချီစုမ်းတံတားဟာ သတ်မှတ်ထားတဲ့ အရည်အသွေးမပြည့်မီတာကြောင့် ဒေသ ခံတွေက ကန့်ကွက်နေကြပြီး မနက်ဖြန်မှာ ဆန္ဒပြဖို့စီစဉ်နေ ကြပါတယ်။
2017-05-19
မြန်မာနိုင်ငံမှာ ဆေးလိပ်နဲ့ ဆေးရွက်ကြီး ထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ကို ရေးဆွဲ ပြဌာန်းပြီးပေမယ့် ပြည်သူတွေလိုက်နာကျင့်သုံးမှု အားနည်းနေတာကို ပြည်ထောင်စု အစိုးရက ကိုယ်တွယ်ဖြေရှင်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို အမျိုးသားလွှတ်တော် မှာ ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-05-19
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ နယ် ကျောင်းတောင်ကျေးရွာအုပ်စု ပုဇွန်ချောင်းကျေးရွာက ဆယ်အိမ်မှူး တစ်ဦး ခေါင်းဖြတ် သတ်ခံခဲ့ရပြီး ရာအိမ်မှူးတစ်ဦး ပျောက်ဆုံးနေပါတယ်။
2017-05-18
အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဦးအောင်ကြည် ဦးဆောင်တဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးမှာ မွန်ပြည် သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန် ဦးဆောင်တဲ့အဖွဲ့ နဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ် ။ ဆွေးနွေးတဲ့အကြောင်းအရာကိုတော့ မသိရပါဘူး။
2017-05-18
The Voice သတင်းစာမှာဖော်ပြခဲ့တဲ့ ကျည်ထောင်စု သစ္စာ သရော်စာနဲ့ ပတ်သက် ပြီး ၆၆(ဃ) နဲ့အမှုဖွင့် ခံထားရတဲ့ အယ်ဒီတာချုပ်နဲ့ သရော် စာရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဗဟန်းမြို့နယ် ရဲစခန်းက ဒီနေ့ ဆင့်ခေါ်လိုက်ပါတယ်။