သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-20
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အထက်ပြူးမရွာနားမှာ ဒေသခံတိုင်းရင်းသား ၄ ယောက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
2018-12-20
ကလေးသူငယ်တွေ စာဖတ်ချင်စိတ်ဖြစ်ပေါ်လာအောင် မိဘတွေအနေနဲ့ အဓိကလုပ်ဆောင်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
2018-12-20
ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေဆီကနေ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၇ဝ နှုန်းနဲ့ ဗဟိုဘဏ်က ဝယ်ယူခဲ့တဲ့ကိစ္စ၊ တသောင်းတန်ငွေစက္ကူအတု ကိစ္စတွေနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ဗဟိုဘဏ်တာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2018-12-20
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင်သစ်တွေဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ဖြန် နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာမှာ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
2018-12-20
ကရင်ပြည်နယ် မြဝတီမြို့မှာ ဖုန်းနဲ့ခြိမ်းခြောက် ငွေကြေးတောင်းခံနေတာတွေရှိနေတဲ့အတွက် ပြည်သူတွေ သတိထားဖို့နဲ့ ခြိမ်းခြောက် ငွေကြေးတောင်းတာကိုခံရရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားဖို့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ဒီနေ့ RFA ကိုပြောကြားလိုက်ပါတယ်။
2018-12-20
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ကန်စောက်၊ သလူချောင်း၊ ငါးစင်ရိုင်းကိုင်း စတဲ့ ကျေးရွာတွေကို ထွက်ပြေးရောက်ရှိနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဒီနေ့ညနေပိုင်းမှာ လူဦးရေ ၄၀၀ ကျော်အထိရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-12-20
“ ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” ဒေသ အတွင်းမှာ ၂ လကျော်ကြာပိတ်ထားခဲ့ရတဲ့ ကချင်နဲ့လားဟူ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေကို အခုလထဲ ပြန်ဖွင့်ခွင့်ပြု ထားတယ်လို့ UWSA ရဲ့ လားရှိုးရုံး ဆက်ဆံရေး တာဝန်ခံ ဦးညီရမ်းက ပြောပါတယ်။
2018-12-20
ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုက မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ အဓိကတရားခံလို့ သံသယရှိသူ ၂ ဦးကို မနေ့ကညပိုင်းက ဖမ်းမိခဲ့တယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက RFA ကို အတည်ပြု ပြောကြားလိုက်ပါတယ်။
2018-12-19
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်ပဋိပက္ခဆိုင်ရာ အချက်အလက်ရှာဖွေစုဆောင်းရေး ကော်မရှင်ကို ဖျက်သိမ်းသင့်တယ်လို့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2018-12-19
မြန်မာနိုင်ငံဟာ ဆင်းရဲပြီး၊ အားနည်းတဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေက အနိုင်ကျင့်ချင်ကြတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဘယ်တော့မှငုံ့ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
2018-12-19
မြန်မာ့တပ်မတော်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ စာမျက်နှာတွေ၊ ကိုယ်ပိုင်အကောင့်တွေ၊ အုပ်စုတွေကို ဖယ်ရှားလိုက်တယ်လို့ Facebook ကုမ္ပဏီက အင်္ဂါနေ့ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
2018-12-19
မြန်မာနိုင်ငံက နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့သူတွေကို ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ပေးပို့ထားတဲ့ ဒုက္ခသည်စာရင်း နှစ်သောင်းနှစ်ထောင်ကျော် ရှိတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောလိုက်ပါတယ်။
2018-12-19
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအုပ်စုမှာ လူမျိုးအမည်မှားယွင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးထားတဲ့ ၂၁ ဦးနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောလိုက်ပါတယ်။
2018-12-19
အကြီးစား ကျောက်မျက် တူးဖော်ထုတ်လုပ်မှုတွေကို ပိတ်ပင်လိုက်တဲ့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ မနေ့က အတည်ပြုလိုက်ပါတယ်။
2018-12-19
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်တဲ့အချက်တွေကို ပြည်သူတွေသိရှိစေဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆန့်ကျင်သူများအဖွဲ့က ဒီကနေ့ ရွှေပြည်သာမြို့နယ်တရားရုံးမှာ ဖွဲ့စည်းပုံကိုဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေ ဝေငှခဲ့တယ်လို့ သိရပါတယ်။