သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-24
ကယားပြည်နယ် လွိုင်ကော်မြို့ပေါ်က ဘာဒိုရွာထဲကို စစ်ကောင်စီတပ်ဘက်က ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာ ရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-24
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကုတုပလောင် ဒုက္ခသည်စခန်းနဲ့ ဘာဆန်ချာကျွန်းပေါ်က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပြီး၊ ဒီခရီးစဉ်အတွင်း တွေ့ရှိချက်တွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက် ပါတယ်။
2021-12-24
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဆားမှော် ကညှင်မြိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခမရ (၃၈၃) နဲ့ ခမရ (၃၈၄) ရဲ့ တပ်စခန်းနှစ်ခုကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီနေ့ ဒီဇင်ဘာလ ၂၄ ရက် မနက်အစောပိုင်းက သွားရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ ကေအိုင်အိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ဒီနေ့မနက်က ပြောပါတယ်။
2021-12-23
မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ပျူစောထီးအဖွဲ့ဝင်များက မီးစတင်ရှို့ခဲ့တဲ့အတွက် နေအိမ် ၃၂ လုံး မီးလောင်ခဲ့တယ်လို့ စန်းမြို့ရွာခံတစ်ဦးက ပြောပါတယ်။ အဲဒီထဲက ၂၈ လုံးက ပြာကျသွားတယ်လို့လည်း ဆိုပါတယ်။
2021-12-23
ကလေးမြို့၊ ချင်းဆိုင်ရွာသံလမ်းအနီးမှာ စစ်ကောင်စီစစ်ယာဥ်တန်း ငါးစီးကို ဒီဇင်ဘာ ၂၃ ရက် နေ့မနက်က UGF Kalay မြို့ပြပြောက်ကျားအဖွဲ့က မိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သလို စစ်ကား လေးစီး ပျက်စီးသွားတယ်လို့ UGF Kalay အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
2021-12-23
လေးကေ့ကော်မြို့သစ် အနောက်မြောက်ဘက်မှာရှိတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စခန်းကုန်းဘက်ကနေ တိုက်လေယာဉ်တွေ ပျံလာပြီး ဗုံးကြဲခဲ့တာဖြစ်ပြီး၊ လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီး ကျေးရွာဘက်ကို စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-12-23
အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုပြီး နေပြည်တော်မှာ စစ်ကောင်စီနဲ့ လာရောက်တွေ့ဆုံနေကြတဲ့ နိုင်ငံတကာသံတမန်တွေ၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ပျဉ်းမနားတော်လှန်ရေး တပ်မတော် PRA အနေနဲ့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ဒီဇင်ဘာလ ၂၁ ရက် နေ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2021-12-23
စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနေ့အထိ ၁၀ လကျော်အတွင်း NLD ပါတီခေါင်းဆောင်တွေ အပါအဝင် NLD အစိုးရလက်ထက်က တာဝန်ယူခဲ့ သူတွေ အဂတိမှုနဲ့ တရားစွဲဆိုခံနေရတာ ၅၅ ဦးအထိရှိပါတယ်။
2021-12-23
နေပြည်တော် ဒက္ခိဏသိရီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို စစ်ကောင်စီက စွဲဆိုထား တဲ့အမှုအတွက် လာမယ့်ရုံးချိန်းမှာ နှစ်ဖက်စလုံး အပြီးသတ် လျှောက်လဲချက်ပေးရမယ်လို့ တရားရုံးနဲ့ နီးစပ်သူ တစ်ဦးက RFA ကိုပြောပါတယ်။
2021-12-23
စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အူမကြီးကင်ဆာနဲ့ ဆေးရုံတက် ခွဲစိတ် ကုသခံနေရတာကြောင့် နေပြည်တော်က ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူး လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-12-23
ဒီဇင်ဘာ ၂၂ ရက် မနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖားကန့် မြေစာပုံ ပြိုကျတဲ့အထဲ ပါသွားသူတွေကို ဒီနေ့ ဆက်လက်ရှာဖွေရာမှာ အမျိုးသား ရုပ်အလောင်း သုံးလောင်း ထပ်ရထားတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ကိုဂျက်က RFA ကိုပြောပါတယ်။
2021-12-23
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ရွာသာယာရွာကို ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မနက် ပိုင်း စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်စီးနင်းပြီး ရွာသား လေးဦးကို ဖမ်းဆီးထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-23
ကရင်ပြည်နယ် လေးကေ့ကော်နဲ့ အနီးတဝိုက်ဖြစ်ပေါ်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ KNLA တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် ၁၆၀၀၀ ဝန်းကျင် ရှိနေပြီလို့ လေးကေ့ကော်မြို့သစ်တာဝန်ခံ တီးဖားတရားက ဒီဇင်ဘာ ၂၃ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
2021-12-23
မနေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဒီဇင်ဘာလ ၂၃ ရက် ဒီနေ့မှာတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တွေအသုံးပြုပြီး တိုက်ခိုက် ခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
2021-12-23
လေကြောင်းကနေ ပစ်ခတ်ခံရတဲ့အပြင် နှစ်ကြိမ် မီးရှို့ခံရတဲ့ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရေမြက်ရွာမှာ နေအိမ် ၁၅ လုံး အပါအဝင် ကားနှစ်စီးနဲ့ မော်တော်ဆိုင်ကယ်အစီး ၃၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေ ရွာသားတွေက RFA ကို ဒီကနေ့ ပြောပါတယ်။