သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-08-18
၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု စာရင်းစစ်ချုပ်အစီရင်ခံစာအရ နိုင်ငံတော်ဘဏ္ဍာရေး အခြေအနေတွေကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိနိုင် အောင်ထုတ်ပြန်ပေးဖို့နဲ့ ဆုံးရှုံးနစ်နာနေတာတွေကိုလည်း ကျော်ကြားမှုမြောက်တဲ့ အဂတိဖြစ်စဉ်ဖြစ်တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နဲ့ ချိတ်ဆက်ဖော်ထုတ်ပေးဖို့ ပွင့်လင်းမြင်သာ လူထုလှုပ်ရှားမှုအဖွဲ့ (CAfT) က ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2020-08-18
ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုအပ်ပြီး ဘက်လိုက်လုပ်နေရင် ဘယ်လိုမှ တရားမမျှတနိုင်ဘူးလို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) က ဝေဖန်ပြောကြားလိုက်ပါတယ်။
2020-08-18
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ ပါဝင်ရေးအတွက် ကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေး အဆင့် ၃ ဆင့်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မဟာမိတ်အဖွဲ့တွေက လက်ခံကြောင်း တရားဝင် အကြောင်းပြန်ထား တယ်လို့ အစိုးရက သြဂုတ်လ ၁၇ ရက်နေ့ မနေ့က ပြောလိုက်ပါတယ်။
2020-08-18
မဟာမိတ်ဖွဲ့ထားတဲ့ ပါတီသုံးခုက ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ ရုံးခန်းတစ်ခန်း ပူးပေါင်းဖွင့်လှစ်ထားပြီး ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုတွေကို ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒီလို ပူးပေါင်းမှုကြောင့် စည်းရုံးရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေနိုင်မယ်လို့ သက်ဆိုင်ရာ ပါတီတွေက ပြောကြပါတယ်။
2020-08-17
နေပြည်တော်၊ တပ်ကုန်းမြို့မှာ တရားမဝင် တရုတ်နိုင်ငံသား ၁၀ ယောက်ကို ဖမ်းမိထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဩဂုတ် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2020-08-17
ရခိုင်ပြည်နယ် စစ်တွေမြို့က ပြည်ပခရီးသွားရာဇဝင်မရှိသူတစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သြဂုတ်လ ၁၆ မနေ့ညက ထုတ်ပြန်ပါတယ်။
2020-08-17
စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ AA ရက္ခိုင့်တပ်တော်ကနေ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးသွားတာ အချိန်ကြာလာနေတာနဲ့အမျှ သူတို့ကို မှီခိုနေကြတဲ့ မိသားစုဝင်တွေ အခက်အခဲ ကြုံနေရသလို စိုးရိမ်စိတ်တွေလည်း ကြီးထွားလာနေပါတယ်။
2020-08-17
၂၁ ရာစုံပင်လုံညီလာခံမှာ ချုပ်ဆိုမယ့်၊ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) မှာ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေပြဌာန်းခွင့်နဲ့ဆိုင်တဲ့ အချက်ကို သဘောတူညီမူ မရတဲ့အတွက်၊ နောက်ပိုင်းမှသာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2020-08-16
ရခိုင်ပြည်နယ်မှာ လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားတဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း ငါးဦးကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်တွေက ပယ်ချလိုက်ပါတယ်။
2020-08-16
ကရင်ပြည်နယ်လွှတ်တော် ဖာပွန်မဲဆန္ဒနယ် ၁ ကနေ ဝင်ပြိုင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ UBP ကိုယ်စားပြုသူဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားမှုကို ပယ်ချခဲ့တယ်လို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးမောင်မောင်နိုင်က ဒီနေ့မှာ ပြောပါတယ်။
2020-08-16
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းခတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ် မြို့နယ်ငါးမြို့နယ်မှာ ဆုံဆို့နာရောဂါ ကူးစက်မှုကြောင့် သံသယလူနာ စုစုပေါင်း ၅၄ ဦးရှိပြီး တစ်လအတွင်း အဲဒီထဲက ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က RFA ကို ပြောပါတယ်။
2020-08-16
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့် ပြုကြောင်း ဖုန်းနဲ့အကြောင်းကြားတယ်လို့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
2020-08-15
ကပ်ဘေးကာလ စီးပွားရေး ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့ ထိုင်းနိုင်ငံမှာ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေ ဆက်လက် နေထိုင်ခွင့်ရဖို့ သက်တမ်းတိုးပေးမယ်လို့ ထိုင်းအစိုးရက မကြာသေးခင်ကပဲ ဆုံးဖြတ်လိုက်ပါတယ်။
2020-08-15
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီအသီးသီးက သူတို့ရဲ့ ပါတီလှုပ်ရှားမှုတွေကို မြန်မာနဲ့ နိုင်ငံတကာမှာ အသုံးများတဲ့ Facebook မှာ ဖြန့်ဝေနေကြပါတယ်။
2020-08-15
ထိုင်းနဲ့ မလေးရှား၊ ကိုရီးယားရောက် မြန်မာအလုပ်သမားတွေ ရွေးကောက်ပွဲမဲပေးဖို့ ပုံစံ ၁၅ တင်သွင်းသူ သောင်းဂဏန်းနဲ့ ထောင်ဂဏန်းသာရှိတယ်လို့ သံရုံးတွေရဲ့ ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။