သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-12
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ပြည် တွင်းငြိမ်းချမ်းရေးရရှိမှသာ မိုင်းအန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်နိုင် မှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ပြည်သူ့လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-09-12
ကချင်တိုင်းရင်းသားမျိုးနွယ်စုတွေထဲ က လော်ဝေါ်လူမျိုးတွေရဲ့ မှတ်ပုံတင်နဲ့ သန်းခေါင် စာရင်းတွေမှာ လော်ဝေါ် လူမျိုးအမည်မှန်ကို ထည့်သွင်းပေးဖို့ လော်ဝေါ် စာပေနဲ့ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက ပြည်နယ်လွှတ်တော်ကော်မတီထံ တောင်းဆိုလိုက်ပါတယ်။
2016-09-12
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ခရိုင် ကောင်းခါးကျေးရွာမှာ ကချင်ဆရာ မနှစ်ဦး အဓမ္မ ပြုကျင့် အသတ်ခံရတဲ့အမှုနဲ့ ဆက်နွယ်ပြီး အဲ့ဒီအချိန် က ကောင်းခါးကျေးရွာမှာ ရောက်ရှိနေတဲ့ တပ်မတော်စစ်ကြောင်းက တပ်မတော်သား ၄၀ ကျော်ကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က တိုက်ရိုက် စစ်ဆေးခွင့်တောင်းတာဟာ ဥပဒေကျင့်ထုံးတွေနဲ့ မညီကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
2016-09-12
သူရဦးရွှေမန်း ဥက္ကဌအဖြစ်ဆောင်ရွက်နေ တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်က ဦးစားပေးပြဌာန်းဖို့လိုအပ်တဲ့ ဥပဒေ ၄၈ ခုကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံတင်ပြလိုက်ပါတယ်။
2016-09-12
မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ကို ပြည်နယ် လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။
2016-09-12
အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့်ရဲ့ တိုင်းရင်းသားမျိုးနွယ် စု တွေအတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာတွေ သင်ကြားနိုင်ရေးနဲ့ တိုင်းရင်းသား စာပေ ထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်ဆောင်ရွက် ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်သူများတဲ့အတွက် အဆိုရှုံးနိမ့်ခဲ့ပါတယ်။
2016-09-12
ဧရာဝတီမြစ်ဆုံမြစ်ညာ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်းများ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့က ဒီအပတ် အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက် မှာဖြစ်ပါတယ်။
2016-09-12
လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေးအဆိုတင်သွင်းဖို့ NLD လွှတ်တော်ကိုယ်စားလှယ်တွေကို အကြံပြုတိုက်တွန်းသွား မှာဖြစ်တယ်လို့ NLD ပါတီဥပဒေအကြံပေး ရှေ့နေဦးကိုနီ ကပြောပါတယ်။
2016-09-12
ရခိုင်ပြည်နယ်က သယံဇာတတွေ နဲ့ မြေယာတွေကို ရခိုင်တိုင်းရင်းသားတွေ ကိုယ်တိုင် စီမံခန့်ခွဲပိုင်ခွင့်ရရှိဖို့အတွက် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကွန်ရက်က သတင်းစာရှင်း လင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။
2016-09-11
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင် ၆ ဦး ထုတ်ပယ် ခံရတဲ့ကိစ္စကို ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန် က ကော်မတီဝင် တွေကို ဒီနေ့ တွေ့ဆုံရှင်းပြခဲ့ပါတယ်။
2016-09-11
ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၂၀၀ လောက် ပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အပေါ် ကန့်ကွက်ပွဲမှာ ရပ်ကွက် နေပြည်သူတချို့နဲ့ ဆန္ဒပြသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွား ခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ အင်အား ၂၀ လောက်က ဝင်ရောက်တားဆီးခဲ့ရပါတယ်။
2016-09-11
အင်္ဂလန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ ဥရောပ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေ က မြန်မာသံအမတ်တွေနဲ့ ဒီနေ့ လန်ဒန်မြို့ က မြန်မာသံရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2016-09-11
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ မန်ကျည်းကွင်းကျေးရွာအုပ်စုပိုင် စားကျက် မြေဧက ၁၆၀ ကျော်ကို အများပိုင်မြေအဖြစ် ပြန်လည်သတ်မှတ်ပေး ဖို့ ဒေသခံ ၁၀၀ ကျော်က ဒီကနေ့ လက်ပံတန်းမြို့ပေါ်မှာ ဆန္ဒပြတောင်းဆို ကြပါတယ်။
2016-09-11
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲသဝေါကျေးရွာအနီးတဝိုက်မှာ BGF နယ်ခြားစောင့်တပ်နဲ့ ဗိုလ်ကျော်သက် ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေး တင်းမာ မှုတွေရှိနေတာကြောင့် မြိုင်ကြီးငူဆရာတော်က ဦးဆောင် ပြီး ဒေသခံ တစ်ထောင်ကျော်ကို မနေ့က မြိုင်ကြီးငူကျေးရွာ ကို ခေါ်ဆောင်ခဲ့ပါတယ်။
2016-09-11
ရခိုင်အမျိုးသားပါတီ ANP ကနေ ခွဲထွက်ပြီး ပါတီအသစ်တည်ထောင်ဖို့အတွက် ပြင် ဆင်နေပြီလို့ ပါတီဟောင်းဖြစ်တဲ့ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် ALD က ခေါင်းဆောင် တွေကပြောပါတယ်။