သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-08-11
ဧရာဝတီမြစ်နဲ့ ဆက်စပ် ဖြစ်ပေါ်လာတဲ့ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ၊ အတတ်ပညာ ဆိုင်ရာနဲ့ နိုင်ငံရေး ပြဿနာ အလုံးစုံကို အားလုံး ပူးပေါင်း ဆောင်ရွက်ရင် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်ကြပါမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2011-08-10
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်နဲ့ ရန်ကုန်တိုင်း တိုက်ကြီး မြို့နယ်တို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း မိုးဆက်တိုက် ရွာသွန်းခဲ့လို့ ရေကြီးပြီး မနေ့က လူအသေအပျောက် ရှိခဲ့တယ်လို့ သိရပါတယ်။
2011-08-10
မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီးတွေ အပေါ် အတင်း အဓမ္မပြုကျင့်တာတွေ ရပ်တန့်သွားအောင် အမေရိကန် ပြည်ထောင်စု အနေနဲ့ ဖိအားပေးဖို့ နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန် ဆီကို အမေရိကန် အထက် လွှတ်တော် အမျိုးသမီး (၁၃) ဦးက သြဂုတ်လ ၁၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက် ပါတယ်။
2011-08-10
မြန်မာနိုင်ငံအနေနဲ့ လာမယ့် အောက်တိုဘာလမှာ မုန်တိုင်း အန္တရာယ် အထူး သတိထားဖို့ လိုအပ်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ဒီကနေ့ သတိပေး ပြောကြားလိုက်ပါတယ်။
2011-08-10
ဒေါ်အောင်ဆန်းစုကြည်၏ ဇူုလိုင်၂၈ ရက် ရက်စွဲပါ အိတ်ဖွင့်ပေးစာအား ရည်ညွှန်းလျှက် ဆိုပြီး လွှတ်တော် အမတ် (၂၃) ဦးရဲ့ ငြိမ်းချမ်းရေး လိုလားသူများ အတွက် အိတ်ဖွင့် ပေးစာအပေါ် နိုင်ငံရေး ခေါင်းဆောင်တွေက သုံးသပ် ပြောဆိုကြပါတယ်။
2011-08-10
SSA ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်း ပူးပေါင်း တပ်ဖွဲ့တွေက မြန်မာ အစိုးရတပ် ယာဉ်တန်းကို ရှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဖိန်းရွာနားမှာ သြဂုတ် ၁၀ရက် ဒီကနေ့ ချုံခို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
2011-08-10
ဒေါ်အောင်ဆန်းစုကြည်က အကိုဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ အခြားသူ ၂ ဦးကို တရားရုံးက မဆုံးဖြတ်ရသေးတဲ့ ကိစ္စကို ဆုံးဖြတ်ပြီးသကဲ့သို့ ပြောဆိုမှု တရားရုံးကို မထေမဲ့မြင်ပြုတဲ့ အမှုတွေနဲ့ ရန်ကုန်တိုင်း ဒေသကြီး တရားရုံးမှာ တနင်္လာနေ့က တရားစွဲဆို လိုက်ပါတယ်။
2011-08-10
လယ်ယာမြေတွေ အဓမ္မ သိမ်းယူခံရတဲ့ အတွက် လယ်မဲ့ယာမဲ့ ဘ၀ ရောက်သွားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြျိ့နယ် ကျေးရွာ တချို့က တောင်သူ လယ်သမား မိသားစုဝင် ကျောင်းသား ကျောင်းသူတွေ အတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သင်ကြားမှု အထောက်အကူ ပစ္စည်းတွေ ဒီနေ့ မနက်က ပေးအပ် လှူဒါန်းပါတယ်။
2011-08-10
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော်မှာ စက်တင်ဘာလ တတိယပတ် အတွင်း ကျင်းပမဲ့ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ ညီလာခံကို မြန်မာနိုင်ငံက လွှတ်တော် အမတ်တွေ တက်ရောက်မယ့် ကိစ္စကို AIPMC အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က ဒီကနေ့ ကန့်ကွက်လိုက်ပါတယ်။
2011-08-09
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ရဲ့အကူအညီ ယူမယ်ဆိုရင်တော့ IMF ရဲ့ မူတွေ၊ ဘောင်တွေနဲ့အညီ နေရမှာပါပဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
2011-08-09
မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းနိုင်ဖို့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထိုင်းနိုင်ငံ အပါ အဝင် အာဆီယံအဖွဲ့ကပါ ထောက်ခံဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး Dr. Nirun Pitakwatchara က တိုက်တွန်း လိုက်ပါတယ်။
2011-08-09
ငြိမ်းချမ်းရေး လိုလားသူများ အတွက် ဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၂၃ဦး ရေးသားတဲ့ အိတ်ဖွင့် ပေးစာ အပေါ် NLD ပါတီက ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ စကားပြောခြင်းဟာ အရေးကြီးဆုံး ဖြစ်ပါတယ်လို့ ပြောဆို လိုက်ပါတယ်။
2011-08-09
ဦးပိုင် ကုမ္ပဏီက ထုတ်ပေးတဲ့ စိုက်ပျိုး စရိတ် ချေးငွေ ပြန်မဆပ် နိုင်သေးတဲ့ ဧရာဝတီတိုင်း ဒေးဒရဲ မြို့နယ် ထဲက လယ်သမား အယောက် ၃၀ ကျော်ကို နောက်ပြန်တိုးရွာ တန်တရာ ဆန်စက်ထဲမှာ ဖမ်းဆီး ချုပ်နှောင် ထားတယ်လို့ သတင်းရရှိ ပါတယ်။
2011-08-09
HRDP လူ့အခွင့်အရေး ကာကွယ် မြှင့်တင် သူများ ကွန်ရက်အဖွဲ့က ဦးဆောင်ပြီး လူ့အခွင့်အရေး အသိပညာ ပေးရေး ဆွေးနွေးပွဲ တခုကို မန္တလေးတိုင်း မိတ္ထီလာမြို့မှာ သြဂုတ်လ (၆) ရက် နေ့ကနေ (၈) ရက်နေ့ အထိ (၃) ရက်ကြာ ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။
2011-08-09
မြန်မာနိုင်ငံ နိုင်ငံခြားငွေလဲနှုန်း စနစ် တမျိုးတည်း သတ်မှတ်နိုင်ရေး ကူညီဖို့နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကိုယ်စားလှယ် တွေဟာ မြန်မာနိုင်ငံကို အောက်တိုဘာလ ဒုတိယပတ် အတွင်း ရောက်ရှိမယ် လို့ IMF ရဲ့ ပြောရေး ဆိုခွင့် ရှိသူ မစ္စက် Gita Bhatt က မနေ့က ပြောလိုက် ပါတယ်။