သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-19
မြန်မာနိုင်ငံမှာ ဒီနှစ် ၂ဝ၁၄ ဘဏ္ဍာရေးနှစ် ပထမနှစ်လအတွင်း တရားမဝင် ခုတ်လှဲ ထုတ်ယူခဲ့တဲ့ သစ်တန်ချိန် တစ်သောင်း ခွဲကျော် ဖမ်းဆီးမိခဲ့ပါတယ်။
2014-06-19
အခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေးလက် မှတ်ရေးထိုးပွဲကို ဗြိတိန်နိုင်ငံရောက် မြန်မာ နိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက် မနေ့က လန်ဒန် မြို့ မြန်မာ သံရုံးရှေ့မှာကျင်းပခဲ့ကြပါတယ်။
2014-06-19
ဒီနေ့မှာကျရောက်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၆၉ နှစ်မြောက် မွေးနေ့အခမ်း အနားကို ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ နေပြည်တော်မှာ ကျင်းပခဲ့ ပါတယ်။
2014-06-19
ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံး မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို သပိတ်မှောက်ဆန္ဒပြ ခဲ့ပါတယ်။
2014-06-19
သာသနာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင် လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာ ပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
2014-06-19
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ တိုင်းပြည်ရဲ့ လိုအပ် ချက်ဖြစ်တဲ့အ တွက် ပြည်သူတွေအားလုံး အောင်မြင်အောင် လုပ်ဆောင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ကျရောက်တဲ့ သူ့ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ မှာ တိုက်တွန်းပြောကြားပါတယ်။
2014-06-19
အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်း တိုက်က ဗြိတိသျှ နိုင်ငံသား ဆရာတော် ဦးဥတ္တရ နဲ့ သံဃာ ၄ပါးအမှုနဲ့ပတ်သက်ပြီး ရန်ကုန်မြို့သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ ရန်ကုန်တိုင်း အစိုးရ၊ နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့နဲ့ ရန်ကုန်တိုင်း သံဃာ့နာယက ဆရာတော်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးရာမှာ တရားရုံးရဲ့ဆုံးဖြတ်ချက်အတိုင်း လိုက်နာသွားဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
2014-06-19
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက က ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့အတွက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။
2014-06-18
တာမွေမြို့နယ်ရှိ မဟာသန္တိသုခကျောင်း တိုက်ကို အာဏာပိုင်တွေ ဇွန်လ ၁ဝ ရက် ညက ဝင်ရောက်စီးနင်းကာ သံဃာတော်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
2014-06-18
မြန်မာနိုင်ငံမှာ ဒုတိယနှစ်အဖြစ် ပြသနေတဲ့ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံ တကာရုပ်ရှင်ပွဲတော်မှာ ပြသဖို့ စီစဉ် ထားတဲ့ မှတ်တမ်းရှပ်ရှင်ကားတစ်ကားနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့တာကြောင့် ပြပွဲစီစဉ်သူတွေက မပြသဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2014-06-18
ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိ သုခကျောင်းတိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော်ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထား ရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
2014-06-18
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်း ထားတဲ့ မြေယာဧက သောင်းဂဏန်းနီးပါးထဲက လျော်ကြေး မပေးရသေးတဲ့ မြေယာတွေအတွက် လျော်ကြေးပေးဖို့ ရန်ကုန်မြို့က ယုဇနကုမ္ပဏီရှေ့မှာ ဆန္ဒပြတောင်းဆို ခဲ့တဲ့ တောင်သူ ၁၆ ဦးကို ဗဟန်းမြို့နယ် ရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။
2014-06-18
ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ၊ အသနားခံ စာများ စိစစ်ဆောင်ရွက်ရေးကော်မတီက ရေးဆွဲတင်သွင်း ခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2014-06-18
ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာ စိုးရိမ်တုန်လှုပ်စရာကောင်းတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ် တို့ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင် ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Kyung -wha Kang က ပြောကြားလိုက်ပါတယ်။
2014-06-18
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထား ရတဲ့ အင်္ဂလန်နိုင်ငံသား ဆရာတော် ဦးဥတ္တရကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံရုံးက ဥပဒေကြောင်းအရ ခုခံနိုင်ဖို့ အကူအညီပေး သွားမယ်လို့ ဗြိတိသျှသံရုံး တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။