သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-14
ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူးခွင့် ရဖို့ ပြည်တွင်းဂျာနယ်တချို့ စောင့်ဆိုင်းနေကြရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာချိန်တုန်းက သတင်းတွေကို ဓာတ်ပုံတွေနဲ့တကွ ထည့်သွင်းဖော်ပြမိလို့ ခေတ္တအပိတ်ခံရတဲ့ ဂျာနယ်တွေကို အရင်ဦးဆုံး တွေ့ဆုံမေးမြန်းခွင့် ပေးနေတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက RFA ကိုပြောဆိုပါတယ်။
2010-12-14
မြန်မာစစ်အစိုးရဟာ ဒုံးကျည်လက်နက်နဲ့ တခြား စစ်ရေးနည်းပညာတွေမှာ မြောက်ကိုးရီးယား နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတာ ကိုယ်တွေ့သိခဲ့ရပေမဲ့၊ နျူကလီးယားကိစ္စကိုပါ ကြိုးပမ်း နေတယ်ဆိုရင်တော့ မဖြစ်နိုင်တာကို ငွေကုန်ခံ၊ ဘဝတွေ အကုန်ခံပြီး အချည်းနှီး ဆောင်ရွက်နေတာပါလို့ ပြည်ပကို ထွက်ပြေးလာတဲ့ ဗိုလ်မှူး စိုင်းသိန်းဝင်းက RFA ကို ပြောပါတယ်။
2010-12-14
အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အဓိက ကုန်သွယ်ရာ မြဝတီနယ်စပ်ကို ပြန်ဖွင့်ပေးဖို့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက် ပြီးခဲ့တဲ့ သောကြာနေ့ က ခေါ်ယူခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2010-12-14
နိုင်ငံတဝန်း ကြုံတွေ့နေရတဲ့ စားနပ်ရိက္ခာပြဿနာနဲ့ နိုင်ငံမြောက်ပိုင်းမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံမှာ တိုးတက်လာနေတဲ့ ဘိန်းနဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု နှိမ်နင်းရေးအတွက် အခက်တွေ့ရလိမ့်မယ်တယ်လို့ ကုလသမဂ္ဂ သတိပေး ပြောဆိုလိုက်ပါတယ်။
2010-12-14
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၄ ရက် ဒီကနေ့ မနက်က ရခိုင်ပြည်နယ်မှာ လေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဂီရိကယ်ဆယ်ရေးလုပ်ငန်း ကူညီလုပ်ဆောင်နေမှုတွေနဲ့ ပြည်နယ်စည်းရုံးရေး လုပ်ငန်းစဉ်တွေ အကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
2010-12-14
မြန်မာစစ်အစိုးရဟာ နိုင်ငံရေးလုပ်ငန်းစဉ် နောက်အဆင့်တွေကို စောင့်မနေပဲ အနည်းဆုံး ၂၂၀၀ ကျော်လောက် ရှိတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ လိုအပ်နေကြောင်း၊ ပြန်လွှတ်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana က ပြောဆိုပါတယ်။
2010-12-13
၂၀၀၇ ခုနှစ်ကတည်းက သိမ်းဆည်းခံထားရတဲ့ အောင်လံက လယ်သမား ၁၀ ဦးရဲ့ လယ်ယာမြေတွေကို ဒီကနေ့ထိ ပြန်မရသေးတဲ့အတွက် အိုင်အယ်အို အနေနဲ့ မြန်မာစစ်အစိုးရအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်း ဆောင်ရွက်ပေးဖို့ အောင်လံသမားတွေက ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ ရန်ကုန် အိုင်အယ်အိုရုံးမှာ တိုင်ကြားလိုက်ပါတယ်။
2010-12-13
ရွှေပြည်သာစက်မှုဇုံ ရွှေဂဏန်း ပလပ်စတစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း စက်ညပ်ပြီး ညာဖက်လက်ပြတ် သွားတဲ့ အလုပ်သမားအတွက် စက်ရုံပိုင်ရှင်တွေက နစ်နာကြေးပေးရာမှာ အလွန်နည်းတာကြောင့် ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မှာ ပဲ စစ်အစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့ အိုင်အယ်အို အလုပ်သမားအဖွဲ့ချုပ်ကြီးကို တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။
2010-12-13
ရန်ကုန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရုံးခွဲကို တိုင်ကြားခဲ့တဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ် စစ်မှုထမ်းခိုင်းမှု စတဲ့ တိုင်ကြားမှုပေါင်းဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ၃၀၈ မှု ရှိတယ်လို့ သိရပါတယ်။
2010-12-13
၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်သူတွေရဲ့အခန်းကဏ္ဍ အပေါ် အမေရိကန်သံအရာရှိတွေကြား ဝေဖန်မှုတွေ ရှိခဲ့တာကို Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ဒီလို ဖော်ပြတာဟာ NLD အဖွဲ့ချုပ်အတွက် အရေးတကြီး ကိစ္စမဟုတ်ကြောင်းနဲ့ အဲလို အခြေအနေတွေ ဖြစ်ရတာဟာလည်း စစ်အစိုးရဖက်က ဖန်တီးထားလို့သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။
2010-12-13
ဒီနေ့ ပညာခေတ်ကြီးမှာ ဘယ်စာပေ ဘယ်ပညာရပ်မဆို လူတိုင်း ဆည်းပူးနိုင်ပေမဲ့ အလှမ်းကျယ် အလယ်လတ် မဟုတ်ပဲ တဆင့်ချင်း လေ့လာ ဆည်းပူးရမယ်၊ မိမိကိုယ်မိမိနှိမ့်ချပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်လို့ မြန်မာစာပေလောကမှာ အထင်ရှားဆုံး အမျိုးသမီး စာရေးဆရာမတဦးအဖြစ် သတ်မှတ်ခံရတဲ့ စာရေးဆရာနဲ့ ကဗျာဆရာမကြီၤးဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသက် ၈၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ဒေါ်ကြည်အေးက ပြောလိုက်ပါတယ်၊
2010-12-13
NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို နေပြည်တော် တရားရုံးချုပ်က နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး လာမဲ့ရက်ပိုင်းအတွင်း အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေတွေ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ တွေ့ဆုံ ဆွေနွေးခဲ့ကြောင်း သိရပါတယ် ။
2010-12-13
တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမ္ဘာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။
2010-12-12
မကွေးတိုင်း သရက်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးပညာစာရကို ပြီးခဲ့တဲ့ အောက်တိုဘာလက စလို့ မိသားစုဝင်တွေနဲ့ တပည့် ဒါယိကာတွေက ထောင်ဝင်စာတွေ့ခွင့် မရသေးဘူးလို့ သိရပါတယ်။
2010-12-12
ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးတွေကို အရေးယူပေးပို့နဲ့ ကျန်ရစ်သူမိသားစုကို လျော်ကြေးပေးဖို့ကရင် ငြိမ်းချမ်းရေးကောင်စီက လာမယ့် သီတင်းပတ်အတွင်း စာရေး တောင်းဆိုမယ်လို့ ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက RFA ကို ဒီကနေ့ ပြောပါတယ်။