သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-18
ပဲခူးတိုင်း ပေါင်းတည်ထောင်မှာ အစာငတ်ခံဆန္ဒပြနေတဲ့ မိတ္တီလာမြို့ အခြေစိုက် ပြည်သူ့အကျိူးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ၊ ဒေါ်ခင်မိမိခိုင်နဲ့ ကိုသန့်ဇင်ထက်တို့ ၃ ဦးကို အထောင်ဝင်စာ တွေ့ခွင့်မပေးတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေးကို စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ဒီကနေ့ ပြောပါတယ်။
2013-12-18
ဒီနှစ် မြန်မာနိုင်ငံက ဘိန်းထုတ်လုပ်မှုဟာ ဆယ်နှစ်အတွင်း အမြင့်မားဆုံးဖြစ်တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံးက ပြောကြားလိုက်ပါတယ်။
2013-12-18
ရခိုင်ပြည်နယ်မှာ လူမှုရေးအကူ အညီတွေပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ မြို့ပေါ်ကိုမလာရောက်ဖို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံတစ်ရာနီးပါးလောက် မနေ့က ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။
2013-12-18
ကချင်ပြည်နယ် ဗန်မော်းခရိုင် မန်စီမြို့နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင် သွားခဲ့တဲ့ ဒေသခံ ၅၀ ကျော်ထဲက ၂၂ ယောက် မနေ့ က ပြန်လည်လွတ်မြောက်လာကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူးက RFA ကို ဒီနေ့ အတည်ပြု ပြောကြား ပါတယ်။
2013-12-18
နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၉ ပါတီ ပူးပေါင်းပြီး ဖယ်ဒရယ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA ကို လာမယ့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့မှာ တရားဝင်ဖွဲ့စည်းဖို့ ဒီနေ့သဘောတူညီလိုက်ကြပါတယ်။
2013-12-17
မြန်မာ့တပ်မတော် အရာရှိတစ်ဦး နဲ့ မြန်မာကုမ္ပဏီ ၃ ခုကို မြောက်ကိုရီးယား လက်နက် အရောင်းအဝယ်ကိစ္စမှာ ပါဝင်ပတ်သက်မှုနဲ့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့က ပိတ်ဆို့အရေးယူလိုက်ပါတယ်။
2013-12-17
အိန္ဒိယနိုင်ငံ မဏိပူကသည်းပြည်နယ်မှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း ဆောက်လုပ်ဖို့အတွက် ပြည်နယ်ဝန်ကြီးက အင်္ဂါနေ့ မနေ့က ပနက်ရိုက်ပေးလိုက်ပါတယ်။
2013-12-17
ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ် မှာ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူသုံးယောက် သေဆုံးခဲ့ ပါတယ်။
2013-12-17
မိတ္ထီလာမြို့၊ မြို့မဈေးကြီးအနီးက အင်းဝဘဏ်မှာ တင့်ကားတပ်ရင်း ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးက ဘဏ်ဝန်ထမ်းကို ခြိမ်းခြောက်ပြီး အနုကြမ်းစီးခဲ့ရာမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက ဖမ်းဆီးလိုက်ပြီး တပ်ရင်းကို လွဲှပြောင်းပေးလိုက်တယ်လို့ မိတ္ထီလာရဲစခန်းက အတည်ပြု ပြောကြားပါတယ်။
2013-12-17
မြန်မာနိုင်ငံအနှံံမှာ လယ်ယာမြေ သိမ်းပိုက်မှုဖြစ်ရပ်တွေ အများအပြား ရှိနေပြီး တချို့မြေသိမ်းပြဿနာတွေဟာ လတ်တလော ဖြစ်ပေါ်နေတာ ဖြစ်သလိုသလို၊ တချိူ့ ကတော့ နှစ်ပေါင်းများစွာကတည်းက ဖြစ်ပေါ်ခဲ့တာလို့ ၂ဝ၁၃ ခုနှစ်အတွက် ဒီကနေ့ ထုတ်ပြန်တဲ့ အာရှလူ့အခွင့် အရေးကော်မရှင် AHRC ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
2013-12-17
တောင်သူလယ်သမားနဲ့ အလုပ်သမားအဖွဲ့တွေရဲ့ ပထမဆုံးအကြိမ် အထက်မြန်မာပြည် တောင်သူလယ်သမား ညီလာခံကို စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့ ပြည်သူ့ခန်းမမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2013-12-17
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်တင်းမာနေဆဲ အခြေအနေတွေ လျော့ကျနိုင်ဖို့နဲ့ လူ့အသိုင်း အဝိုင်းနှစ်ခုကြား ပြန်လည်သင့်မြတ်ရေး အတွက် နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းဆောင် ရွက်ရေးဟာ အဓိကကျနေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Mr. Andrew Patrick က ဒီကနေ့ ပြောလိုက်ပါတယ်။
2013-12-16
မြန်မာအစိုးရအနေနဲ့ အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေကို ခေတ်နဲ့အညီ ဆက်လက်ဆောင် ရွက်ဖို့ တိုက်တွန်းကြောင်း ဥရောပသမဂ္ဂ EU အဖွဲ့ ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဒီဇင်ဘာလ ၁၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2013-12-16
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာအသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ မနေ့ ညနေ ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးပွဲအပြီးမှာ ဘောလုံး ပွဲ ပရိသတ်တချို့နဲ့ လုံခြုံရေး တာဝန်ရှိသူတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2013-12-16
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မကြာခဏ ဆိုသလို ဒေသခံရှမ်းတိုင်းရင်းသားတွေကို အဓမ္မစစ်သားသစ ်စုဆောင်းနေတဲ့အတွက် ကချင်ပြည်နယ် အတွင်းက ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး အခုရက်ပိုင်း အတွင်း ဆန္ဒထုတ်ဖော်ဖို့ မြိ့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၅ ရက် မနေ့က စာတင်ထားတယ်လို့သိရပါတယ်။