သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-19
ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုမှာ လသားအရွယ် ကလေးငယ် ၁ ဦးနဲ့ ၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ အမျိုးသမီးတစ်ဦးကို ဒီနေ့မနက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
2018-12-19
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားဒေသတစ်ဝိုက်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2018-12-19
ကယားပြည်နယ် ဒီမောဆိုးမြို့နယ် ငွေတောင်ကျေးရွာက မြေ ၃၁ ဧကကျော်ကို ခလရ ၁၀၂ တပ်က သိမ်းယူခဲ့တဲ့အတွက် သူတို့ရဲ့ မြေတွေကို ပြန်လိုချင်ကြောင်း ဒေသခံရွာသားတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-12-19
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကင်းရွာမှာ ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီကို ဖျက်သိမ်းပြီး တိုးချဲ့မီးလင်းရေးကော်မတီ ဖွဲ့စည်းတာကို လက်မခံကြောင်း ဒေသခံရွာသား ၂၀၀ လောက်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က မြောင်မြို့မှာ ဆန္ဒပြကန့်ကွက်ခဲ့ပါတယ်။
2018-12-19
ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရပ်တန့်နေတာဟာ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ကြောင့်ဖြစ်တဲ့အတွက် အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ မူဘောင်ပြင်ဆင်ရေး ဆွေးနွေးသင့်တယ်လို့ မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2018-12-19
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း အထက်ပြူးမကျေးရွာက ငါးရှာရင်းပျောက်ဆုံးနေတဲ့ ဒေသခံနှစ်ဦးရဲ့ ရုပ်အလောင်းကို ရွာသားတွေက ဒီနေ့မနက် ၁၁ နာရီခွဲအချိန်လောက်မှာ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
2018-12-18
မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ အပြီးအပိုင်ဖယ်ရှား ရှင်းလင်းမယ့် အလားအလာတွေ့နေရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။
2018-12-18
မြန်မာနိုင်ငံက တရုတ်ချေးငွေတွေအပါအဝင် တနှစ်ကို ပြည်ပချေးငွေတွေအတွက် အမေရိ ကန်ဒေါ်လာ သန်း ၇၀၀ ခန့် ပြန်ဆပ်နေရတဲ့အပေါ် အဖြေရှာဆောင်ရွက်သင့်ပြီလို့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-12-18
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှာ တိုင်းရင်းဆေးပညာနဲ့ အသက်မွေး ဝမ်းကျောင်းပြုနေတဲ့ တိုင်းရင်းဆေးဆရာဖြစ်ထိုက်သူရဲ့ အရည်အချင်းများ သတ်မှတ်ခြင်းဆိုတဲ့ ပုဒ်မ ၁၅ (စ) ထည့်သွင်းလိုက်တဲ့အပေါ် တိုင်းရင်းဆေးပညာရှင်တွေ၊ ကျောင်းသား ကျောင်းသူတွေ က ကန့်ကွက်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2018-12-18
ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ အဝီစိတွင်းတူးတဲ့နေရာကနေ ဓာတ်ငွေ့တွေ ပန်းထွက်လာတာကြောင့် ပေ ၁၀၀ ပတ်လည်အတွင်း မီးမသုံးဖို့ တားမြစ်ထားတယ် လို့ သိရပါတယ်။
2018-12-18
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကလေးအပါအဝင် မိသားစုလိုက် အသတ်ခံရတာနဲ့ ပတ်သက်လို့ သံသယရှိသူ ၃ဦးထဲက တစ်ဦးကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
2018-12-18
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ်အတွက် ဂွမ်ဂျူး လူ့အခွင့်အရေးဆုကို ပြန်လည်ရုပ်သိမ်းကြောင်း တောင်ကိုရီးယားနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ May 18 Memorial Foundation မေ ၁၈ အမှတ်တရ ရန်ပုံငွေအဖွဲ့က ဒီကနေ့ ကြေညာလိုက်ပါတယ်။
2018-12-18
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း အထက်ပြူးမချောင်းထဲမှာ ငါးရှာနေတဲ့ ကြိမ်ချောင်းကျေးရွာက မာရမာကြီး တိုင်းရင်းသားနှစ်ဦးကို အမည်မသိလူတစ်စုက မနေ့ညက တိုက်ခိုက်ရိုက်နှက်ခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာရရှိပြီး မောင်တောဆေးရုံကို ဒီနေ့မနက်က ပို့ဆောင်လိုက်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ က ပြောပါတယ်။
2018-12-18
ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ် မီးချောင်းခုတ်နဲ့ အဝ ကျေးရွာနှစ်ရွာက လူဦးရေ ၁၂၀ ခန့်ရှိတဲ့ အိမ်ထောင်စု ၃၀ ကျော်ဟာ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးကျေးရွာကို မနေ့က ထွက်ပြေးရောက်ရှိလာကြပါတယ်။
2018-12-18
ထောင်ချခံရတဲ့ ကချင်တိုင်းရင်းသား ၃ ဦး အမှုကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရသူ လူငယ် သုံးဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ်အသီးသီး ကျခံဖို့ ဒီနေ့ မနက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။