သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-21
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မန္တလေးနန်းတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နေရာကို တာဝေးပစ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
2023-12-20
ဖွံ့ဖြိုးဆဲနိုင်ငံငယ်တွေကို အင်အားကြီးနိုင်ငံတချို့က ဩဇာခံတွေ၊ ကြိုးဆွဲလို့ရသူတွေနဲ့ ထိုးဖောက်ဝင်ရောက်ပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ကြံဖန်တီးမှုမျိုးစုံနဲ့ သွေးထိုးမြှောက်ပင့်နေတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲပါတယ်။
2023-12-20
မိုးကုတ်၊ ကွတ်ခိုင်နဲ့ နမ္မတူမြို့တွေက ကျေးရွာတွေထဲကိုလည်း လက်နက်ကြီးနဲ့ အကြိမ် ၂၀ ထက် မနည်းပစ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
2023-12-20
စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ပေါ်ပေါက်လာရေးအတွက် "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီနဲ့ လက်တွဲညီညီ လုပ်ကိုင်ဆောင်ရွက်လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။
2023-12-20
ဧရာဝတီတိုင်းမှာ စက်သုံးဆီဝယ်ယူတဲ့အပေါ် ကန့်သတ်စစ်ဆေးမှု လုပ်နေတာကြောင့် လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတွေ ဝယ်ယူဖို့ခက်ခဲနေပါတယ်။
2023-12-20
ကချင်ပြည်နယ်၊ မြစ်ကြီးနားနဲ့ ဗန်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒီဇင်ဘာ ၁၈ တစ်ရက်တည်းမှာပဲ ဒေသခံလေးဦး သေဆုံးခဲ့တယ်လို့ KIA နဲ့ ဒေသခံတွေက ပြောပါတယ်။
2023-12-20
စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) ကို သတင်းတု၊ သတင်းမှားတွေ လုပ်ကြံဖန်တီးပြီး တိုက်ခိုက်နေတယ်လို့ (AA) က ထုတ်ပြန်ပါတယ်။
2023-12-20
ကိုးကန့်ဒေသ လောက်ကိုင်နဲ့ တရုတ်နိုင်ငံနယ်စပ်မျဉ်း BP - 125 မှာရှိတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို နေရာရွှေ့ပြောင်းမယ်လို့ ကိုးကန့်အဖွဲ့ (MNDAA) က ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-12-20
ကျောက်တံခါးမြို့နယ် သူဌေးကုန်းရွာမှာ ဒီဇင်ဘာ ၁၉ ရက် ညနေလေးနာရီခွဲခန့်က နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်တာကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2023-12-19
အဖမ်းခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို လွှတ်ပေးမယ်လို့ ပြောထားပြီး အခုထိ မလွှတ်ပေးတာကြောင့် အစာငတ်ခံဆန္ဒပြနေကြတာလို့ ဆိုပါတယ်။
2023-12-19
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်အပါအဝင် သုံးဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
2023-12-19
ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းက စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်လပ်ခဲ့ပြီး ကားအစီးရေ ရာနဲ့ချီ တစ်နေကုန် တန်းစီဝယ်ယူခဲ့ကြရပါတယ်။
2023-12-19
နိုင်ငံတစ်ဝန်းမှာ အကူအညီလိုအပ်မှုတွေ မြင့်တက်နေသလို နေရပ်စွန့်ခွာရသူ ပိုများလာပြီး အခြေအနေတွေ ပိုဆိုးလာတယ်လို့လည်း ဆိုပါတယ်။
2023-12-19
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ် ဗန်ကိုင်ရွာကို ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-12-19
ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးနေတာကြောင့် ထွက်ပြေးရတဲ့ ဒေသခံ တစ်သောင်းကျော်ရှိလာပါတယ်။