သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-21
ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းဟာ ကျောင်းတက်တဲ့ ကျောင်းသား ကျောင်းသူ နှစ်စဉ်နည်းလာတဲ့အတွက် ကျောင်းကိုပိတ်သိမ်းဖို့ စီစဉ်တဲ့အပေါ် ကျောင်းသားမိဘတချို့က ဇူလိုင် ၂၁ ရက်နေ့ အထက်ကျောင်းတွေ ပြန်စဖွင့်တဲ့ရက်မှာပဲ ကျောင်းရှေ့မှာ ကန့်ကွက်ခဲ့ကြပါတယ်။
2020-07-21
တပ်မတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ရခဲ့တဲ့ ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ကွက်ချိုရွာက ဆွတ်ဗဟာဒူးရိုင်းရဲ့ မိသားစုဝင်တွေ အပါအဝင် ကျေးရွားသားငါးယောက်ကို တပ်မြေမှာ ကျူးကျော်လို့ဆိုပြီး လွိုင်လင်မြို့နယ် ခ.လ.ရ (၁၂) တပ်က ဗိုလ်ကြီးဇော်မျိုးထွေးက တရားလိုလုပ်ပြီး တရားစွဲခဲ့တာမှာ သုံးဦးကို လွိုင်လင်မြို့နယ် တရားရုံးက ထောင်တစ်လစီ ချခဲ့ပါတယ်။
2020-07-21
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ချင်းဖားပြိုကျေးရွာနားမှာ မနေ့ညက တပ်မတော်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာရခဲ့ပါတယ်။
2020-07-20
မန္တလေးတိုင်း အမရပူရမြို့နယ်က ရွှေဂဲရေဆိုးစွန့်စက်ရုံအနီး၊ မြို့ပတ်လမ်း တာရိုးကျိုးကျပြီး ဧရာဝတီမြစ်ရေ နေအိမ်တွေ၊ ကျေးရွာတွေထဲကို ဝင်ရောက် လာတာကြောင့် အမရပူရမြို့နယ်က လူဦးရေ ၄၀၀၀ ကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင် နေကြရပါတယ်။
2020-07-20
၂၀၂၀ ရွေးကောက်ပွဲမှာ အင်အားကြီး နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD နဲ့ USDP တို့ဟာ ပြည်နယ်တွေမှာ အရင်ရွေးကောက်ပွဲကာလတွေကလို မဲရလဒ် မရနိုင်တော့ဘဲ တိုင်းရင်းသားပါတီတွေဘက်ကို ပြည်သူတွေရဲ့ ဆန္ဒမဲတွေ လွင့်စင်သွားနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းကြပါတယ်။
2020-07-20
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ပိုလိုးထာကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးကို တပ်မတော်သား နှစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့အပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) ကို KNU တပ်မဟာ ၅ တာဝန်ရှိသူတွေ မနေ့က တိုင်ကြားစာ ပေးပို့လိုက်ပါတယ်။
2020-07-20
မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်းကို ဖျက်သိမ်းခိုင်းထားတာကြောင့် မှုခင်းသတင်းထောက်တွေက လုပ်ပိုင်ခွင့်ကို အသုံးချပြီး ခြိမ်းခြောက်တာ၊ ငွေတောင်း တာတွေရှိရင် တိုင်ကြားဖို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောလိုက်ပါတယ်။
2020-07-19
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေမှာရှိတဲ့ ညောင်ပင်လှနဲ့ သဇင်မြိုင်နယ်ခြားစောင့်စခန်း နှစ်ခု မနေ့ ညနေပိုင်းက မီးလောင်ခဲ့ပြီး အဲဒီစခန်းကို မနေ့တုန်းက ရုပ်သိမ်းသွားတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
2020-07-18
ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ သတင်းအမှားတွေကို တိုက်ဖျက်နိုင်ရေး လွတ်လပ်တဲ့မီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပိုပြီးမြှင့်တင်ပေးသင့်တယ်လို့ သတင်းမီဒီယာကောင်စီက ပြောလိုက်ပါတယ်။
2020-07-18
ဒီနှစ် ကျင်းပမယ့် အာဇာနည်နေ့အခမ်းအနားဟာ အရင်နှစ်တွေကနဲ့မတူဘဲ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တိုက်ဖျက်ရေး အစီအစဉ်တွေကြောင့် ကန့်သတ်ချက် တွေကြားက ကျင်းပရမယ့် အခမ်းအနား ဖြစ်ပါတယ်။
2020-07-17
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေအတွက် ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူမှုမရှိဘဲ ဖြစ်နေတဲ့အကြောင်း ကုလသမဂ္ဂအထူးသံတမန် အိန်ဂျလီနာဂျိုလီက မနေ့က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြီးမှူးကျင်းပတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။
2020-07-17
မြန်မာနိုင်ငံပညာရေးဌာနရဲ့ ကျောင်းတွေ ပြန်လည်ဖွင့်နိုင်ဖို့အတွက် စည်းကမ်းသတ်မှတ်ချက်မှာ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မပြုခဲ့တဲ့အတွက် မကွေးတိုင်းအတွင်းက ဒေသတချို့မှာ ကျောင်းသားမိဘတွေ အခက်တွေ့စေခဲ့ပါတယ်။
2020-07-17
လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေမှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေလည်း မဲတွေကို ကြိုတင်ပြီးပေးလို့ရအောင် သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ သံရုံးတွေက စီစဉ်နေပါပြီ။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အတွက်လည်း ကြိုတင်မဲပေးဖို့ လျှောက်လွှာတင်နိုင်ပြီလို့ မြန်မာသံရုံးက ကြေညာထားပေမယ့် အလုပ်သမား အများစုအတွက် မဲပေးနိုင်ဖို့ အခက်အခဲတွေရှိနေပါတယ်။
2020-07-17
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်တန်းကျေးရွာဘက်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့ တပ်မတော်တို့ မနေ့စပြီးတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ တပ်မတော်ကပစ်ခတ်တဲ့ လက်နက်ကြီး ကျည်တွေကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကာယကံရှင်တွေနဲ့ ကျေးရွာသားတွေက ပြောပါတယ်။
2020-07-17
၂၀၂၀ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာပြီး၊ ရွေးကောက်ပွဲဥပဒေတွေရဲ့ အထက်မှာ ဘယ်နိုင်ငံရေး ပါတီမှ မရှိစေရဘူး လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက၊ ဒီနေ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးလိုက်ပါတယ်။