သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-08
ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ ကျပ်သန်း ၆ဝ ကျော် အသုံးပြုပြီး လွတ်လပ်ရေး ကျောက်တိုင်၊ ဗိုလ်ချုပ် ကြေးရုပ်နဲ့ ပန်းခြံ တည်ဆောက်မယ့်ကိစ္စကို ဝေဖန်မှုတွေရှိနေပါတယ်။
2020-07-07
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ - ကာကွယ်ရေး ဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို ဗြိတိန်အစိုးရက စီးပွားရေးအရေးယူ ပိတ်ဆို့လိုက်တယ်လို့ ဇူလိုင်လ ၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက နိုင်ငံရေးရည်ရွယ်ချက်ကြောင့်သာ ဖြစ်လိမ့်မယ်လို့ တုံ့ပြန်ပါတယ်။
2020-07-07
၁၉၆၂ ခုနှစ် ဇူလိုင်လ ရ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ပစ်ခတ်သတ်ဖြတ်လို့ ကျောင်းသားတွေရာနဲ့ချီ သေဆုံးခဲ့ရတာကို ဝမ်းနည်းဂုဏ်ပြုတဲ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားတချို့ ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2020-07-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက ရွာခံအမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ အခင်းဖြစ်နေရာမှာ အတူရှိနေခဲ့တဲ့ မိသားစုဝင် သုံးဦးကို ရခိုင်ပြည်နယ် အရန်ရဲတပ်ဖွဲ့ရုံး မှာ မနေ့က စစ်ဆေးခဲ့ပါတယ်။
2020-07-07
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မြကုန်းကျေးရွာအနီးမှာ စစ်ဆေးရေးဂိတ်ဆောက်မှာကို ကန့်ကွက်နေတဲ့ ဒေသခံတွေနဲ့ လုံခြုံရေးရဲတပ်ဖွဲ့တို့ ဒီနေ့မနက်ပိုင်းမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး သုံးဦး ရာဘာကျည် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
2020-07-07
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား ယုံကြည် မှုတွေ တိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တိုက်ပွဲတွေဖြစ်ပွားခဲ့တာဟာ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ JMC-U ရဲ့ လုပ်ငန်းတွေ ကောင်းစွာ မလည်ပတ်နိုင်သေးတာကို ဖော်ပြနေ တယ်လို့ ကော်မတီ ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် စောအိုင်းဇက်ဖိုးက သတိပေးပြောကြားလိုက်ပါတယ်။
2020-07-06
ဖားကန့်မြို့နယ် ဝှေခါမှော်က လူတွေအစုလိုက်အပြုံလိုက်သေဆုံးရတဲ့ဖြစ်ရပ်မှာ အစိုးရဘက်က စုံစမ်းရေးအဖွဲ့ဖွဲ့ပြီး သွားရောက်စစ်ဆေးနေတဲ့ကာလမှာပဲ၊ တဖက်မှာတော့ တပ်မတော်က ကချင်ပြည်နယ်နယ်လုံဝန်ကြီးနဲ့ တပ်မှူးတယောက်ကို အရေးယူထားတယ်လို့ မနေ့ညက သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-07-06
တပ်မတော်နဲ့ တောင်သူတွေ မြေယာပိုင်ဆိုင်မှု အငြင်ပွားနေတဲ့ ဆီဆိုင်မြို့နယ်က မြေယာတွေမှာ တောင်သူတွေ စိုက်ပျိုးထားတဲ့ မြေ ၃၇ ဧကလောက် ဖျက်ဆီးခံခဲ့ရပါတယ်။
2020-07-06
ကျောင်းသားတွေကိုသင်ကြားတဲ့ ဖတ်စာအုပ်မှာ ကယား (ကရင်နီ) တိုင်းရင်းသား လူမျိုးစုတွေရဲ့ အမည်နဲ့ ရိုးရာယဉ်ကျေးမှုတွေကို မှားယွင်းဖော်ပြထားတာတွေကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
2020-07-06
ရဲတပ်ဖွဲ့အတွင်း ရာထူးအလွဲသုံးစားလုပ်မှုကြောင့် အများပြည်သူ ယုံကြည်လေးစားမှု ကျဆင်းစေတယ်လို့ ဝေဖန်ခံနေရပါတယ်။ လာဘ်စားမှု၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုရှိတယ်လို့ စွပ်စွဲခံနေရတဲ့ အရာရှိတစ်ဦးကိုတော့ မကြာသေးခင်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
2020-07-05
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ဟာ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီဌာနချုပ်) ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို ပါတီဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတွေအဖြစ် တက်ရောက်ခဲ့ပါတယ်။
2020-07-05
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ကျေးရွာအုပ်စုမှာ တပ်မတော် တာဝန်ရှိသူတွေက လူကြီးတချိုနဲ့ ဘုန်းကြီးတွေကိုခေါ်ပြီး နယ်မြေရှင်းလင်းစရာရှိတာကြောင့် ခေတ္တရှောင်နေကြဖို့ နှုတ်နဲ့ အမိန့်ပေးတာကြောင့် တပတ်အတွင်း လူငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေကို အကူညီပေးသူတွေက ပြောပါတယ်။ နယ်မြေရှင်းလင်းမယ်ဆိုပြီး ပြောဆိုချက်ဟာ မဟုတ်မှန်ကြောင်း တပ်မတော်ဘက်က ငြင်းဆိုပါတယ်။
2020-07-04
ကျောက်တော်မြို့နယ် ပိန္နဲချောင်းကျေးရွာက လူငယ် နှစ်ဦးဟာ ဇူလိုင်လ ၁ ရက်နေ့ မနက်ပိုင်းက ကျောက်တော်ဈေးက ဘောလုံးဝယ်လာပြီး ရွာကိုပြန် ကစ္ဆပနဒီ တံတားအနီးမှာ ပျောက်ဆုံးနေပြီး အမှတ် ၃၇၅ တပ်ရင်းက ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2020-07-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တောင်ပိုင်း မူစဲကမ်းပေါ်မှာရှိတဲ့ ဦးဂါကျေးရွာက အမျိုးသမီးတစ်ဦးကို ပြီးခဲ့တဲ့ဇွန်လ ၃၀ ရက်နေ့ညက တပ်မတော်သား ၃ ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်ကပြောဆို ပေမယ့် တပ်မတော်ကတော့ ဒါဟာ တပ်မတော်အပေါ် ပြည်သူလူထုအထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးမှု တရပ်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
2020-07-03
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်ချောင်းထဲက နတ်မော်ရွာထဲကို ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နှစ်ဦးသေဆုံးပြီး သုံးဦးဒ ဏ်ရာရခဲ့တဲ့အနက် ဒဏ်ရာရတဲ့ကလေးငယ်ကို စစ်တွေဆေးရုံကို မနေ့က ပို့ဆောင်ထားရပါတယ်။