သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-01
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အကယ်ဒမီ အခေါက်ရွှေ ခုနစ်ပိဿာနဲ့ အမေရိကန်ဒေါ်လာ ခြောက်သိန်းကို သုံးကြိမ်ခွဲပြီးပေးခဲ့ကြောင်း ဒီနေ့ နေပြည်တော် တရားရုံးချိန်းမှာ ထွက်ဆိုခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေက ပြောပါတယ်။
2021-10-01
မြန်မာနိုင်ငံမှာ မကြာသေးမီက မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်တွေအနီးမှာ ထိခိုက်မှုတွေဖြစ်ပွားခဲ့တာကြောင့် အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် တာဝါတိုင်တွေနဲ့ ဆက်သွယ်ရေးအခြေစိုက် စခန်းရှိရာနေရာတွေအနီးကို မသွားလာကြဖို့ တယ်လီနော မြန်မာက စက်တင်ဘာလ ၃၀ ရက် မနေ့က သတိပေးထုတ်ပြန်လိုက်ပါတယ်။
2021-10-01
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားတာ ဒီနေ့ဆိုရင်အချိန် ရှစ်လတိတိ ပြည့်ခဲ့ပါပြီ။ ယခင်က လူနေထူထပ်တဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက ဆူညံနေတဲ့ စူပါမားကတ်တွေ၊ လူသွားလမ်းတွေနဲ့ လူစည်ကားတဲ့နေရာတွေဟာ အခုတော့ တိတ်ဆိတ်ခြောက်ကပ်နေပြီလို့ မြို့ခံပြည်သူတွေက ပြောကြပါတယ်။
2021-10-01
ပဲခူးတိုင်း (အနောက်ခြမ်း) သာယာ၀တီမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကိုကိုစိန်ကို စက်တင် ဘာလ ၃၀ ရက် မနေ့ည ၁၁ နာရီခန့်မှာ စစ်ကောင်စီက လာဖမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2021-10-01
မန္တလေးတိုင်း တံတားဦးမြို့နယ် သူငယ်တော်ရွာက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင် အကာအရံတွေကို အောက်တိုဘာလ ၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီချိန်မှာ တံတားဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) က မီးရှို့ခဲ့ပြီး စက်ပုံးတွေ ကိုပါ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ TPDF ကထုတ်ပြန်ပါတယ်။
2021-10-01
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ပျဉ်ထောင်ရွာထဲကို အောက်တိုဘာလ ၁ ရက် ဒီနေ့ မနက်မစောပိုင်း ၄ နာရီခွဲချိန်လောက်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးတာကြောင့် အသက် ငါးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် လေးဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-01
လက်ရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲမှာ အခြေပြုပြီး အာဏာသိမ်းစစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) က စစ်သင်တန်းတွေကို ခေတ္တရပ်နားပြီး စစ်မျက်နှာပြင် စတင်ဖွင့်တော့မယ်လို့ အောက်တိုဘာလ ၁ ရက် ဒီကနေ့မှာပဲ ကြေညာလိုက် ပါတယ်။
2021-10-01
စစ်တပ်က အာဏာသိမ်းလိုက်ပြီး ရှစ်လပြည့်တဲ့ အောက်တိုဘာလ ၁ ရက် ဒီနေ့ကစပြီး ပြည်ပကနေ တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းမှုကို စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ပိတ်လိုက်ပြီလို့ မော်တော်ကား အရောင်းအဝယ်ပြုလုပ်နေတွေက ပြောပါတယ်။
2021-09-30
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမိုဟစ်အူလာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ အမည်မသိသေနတ်သမားတစ်စုက ပစ်ခတ်လုပ်ကြံသွား ခဲ့ပါတယ်။
2021-09-30
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းအပြီး ရှစ်လအတွင်း၊ ကျပ်ငွေတန်ဖိုး ခြောက်ဆယ်ရာနှုန်းကျော် ကျဆင်းသွားခဲ့ပြီး တဖက်မှာလည်း ကိုရိုနာ ကိုဗစ် ကူးစက်မှုက ခြိမ်းခြောက်နေဆဲဖြစ်ပါတယ်။
2021-09-30
မြန်မာနိုင်ငံရဲ့အထွေထွေအကြပ်အတည်းကို တားဆီးနိုင်ဖို့၊ နိုင်ငံတကာ အရေးပေါ်ဆောင်ရွက်မှု လိုအပ်နေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတားရက်စ်က သတိပေးပြောကြားလိုက်ပါတယ်။
2021-09-30
ပြည်တွင်းမှာ ဒေါ်လာဈေးမြင့်တက်နေတာကို ဖြေရှင်းဖို့အတွက် ဗဟိုဘဏ်ကနေ ဒေါ်လာတွေ ထုတ်ရောင်းပေးနေပေမယ့် လိုသလောက် မဖြည့်ဆည်းပေးနိုင် သေးဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက စက်တင်ဘာ ၃၀ ရက် ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2021-09-30
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရဲ့ တိုင်းလူငယ်အဖွဲဝင် ဦးချမ်းမြေ့မောင် ကို စက်တင်ဘာလ ၃၀ ရက် ဒီနေ့နေ့လယ် ၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်သားတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-30
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၃၀ ရက် ဒီနေ့အထိ ရှစ်လအတွင်း ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ နှစ်ဆနီးပါး အထိ မြင့်တက်လာနေပါတယ်။
2021-09-30
စစ်တပ်က ၂၀၂၁ အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီလကုန်အထိ ၅ လကြာ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးလိုက်ပေမယ့် ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို ဒေသခံကာကွယ်ရေးတပ်တွေလှုပ်ရှားတဲ့ နယ်မြေတွေမှာလည်း စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ မြင့်တက်လာနေတယ်လို့ PDF တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။