မန္တလေးက ဈေးတွေမှာ ဗိုင်းရပ်စ်တားဆီးရေး တင်းကျပ်ဆောင်ရွက်နေ

2020.12.30
မန္တလေးက ဈေးတွေမှာ ဗိုင်းရပ်စ်တားဆီးရေး တင်းကျပ်ဆောင်ရွက်နေ မန္တလေးမြို့ ချမ်း​အေးစည်သာစျေးမှာ စျေးလာဝယ်သူများကို ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ်
Photo: Khaymani Win / RFA
ကပ်ရောဂါစတင်ပြန့်ပွားခဲ့တဲ့ အခုနှစ် ဧပြီလကစပြီး မန္တလေးမြို့ စည်ပင်သာယာနယ်နမိတ်အတွင်းက ဈေးတွေမှာ နှာခေါင်းစည်းမတပ်တဲ့ ဈေးသည်၊ ဈေးဝယ်တွေကို ဒဏ်ရိုက်ခဲ့တာ ငွေကျပ် သိန်းတစ်ရာခန့် ရရှိထားပြီး ဖြစ်တယ်လို့  မန္တလေးစည်ပင်၊ ဈေးနဲ့သားသတ်ဌာနက ခေတ္တဌာနမှူး ဦးတင်စိုး ကပြောပါတယ်။
 
နှာခေါင်းစည်း နှစ်ခုကို ငွေကျပ် တစ်ထောင်နှုန်းနဲ့ ဒဏ်ရိုက်ရောင်းချခဲ့ပြီး နောက်ပိုင်းမှာ နှာခေါင်းစည်းနှစ်ခုကို ငွေကျပ် သုံးထောင်နှုန်းနဲ့ ဒဏ်ရိုက်ရောင်းချခဲ့တာပါ။
 
တစ်ဘက်မှာလည်း ဈေးသည်တွေ စည်းကမ်းနဲ့အညီ ဈေးမရောင်းချရင် ပထမအကြိမ်မှာ ဈေးရောင်းချခွင့် သုံးရက်၊ ဒုတိယအကြိမ်မှာ နှစ်ရက်နဲ့ တတိယအကြိမ်မှာ တစ်လပိတ်သိမ်းတဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
 
မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ ဈေးပေါင်း ၄၃ ဈေးရှိပါတယ်။
 
ဒီနေ့မှာ ချမ်းအေးသာစံ မြို့နယ်က ချမ်းအေးစည်သာဈေးနဲ့ အောင်မြေသာစံမြို့နယ်က မန်းမြို့ဈေးတွေမှာ စည်ပင်သာယာရေးကော်မတီနဲ့ တိုင်းကျန်းမာရေးဦးစီးဌာနတို့ ပေါင်းပြီး နှာခေါင်းစည်းဝေဌတဲ့ ကမ်ပိန်းပြုလုပ်ခဲ့ပါတယ်။
 
မန္တလေးမြို့စည်ပင်သာယာရေး နယ်နမိတ်အတွင်းက ဈေးတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို တားဆီးဖို့  ဈေးသည်တွေနဲ့ ဈေးဝယ်တွေ အားလုံးကို နှားခေါင်းစည်းတပ်ပြီး ရောင်းဝယ်ဖို့ စည်ပင်က တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။
 
မန္တလေးခရိုင်အတွင်းက မြို့နယ် ခုနစ်မြို့နယ်မှာ ဒီဇင်ဘာ၂၇ ရက်နေ့ကစတင်ပြီး နေအိမ်နေထိုင်ရေးကာလအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။