ပဲခူးမှာ လေပြင်းကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၂၀ ခန့်ပျက်စီး

RFA Burmese
2024.05.27
ပဲခူးမှာ လေပြင်းကြောင့် စာသင်ကျောင်းနဲ့ နေအိမ် ၂၀ ခန့်ပျက်စီး ပဲခူးတိုင်း၊ ပျဉ်ပုံကြီးကျေးရွာတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် အထက်တန်းကျောင်းအား ၂၀၂၄ ခုနှစ်၊ မေလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်း၊ ပဲခူးမြို့နယ် ပျဉ်ပုံကြီးကျေးရွာမှာ မေလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခဲ့တာကြောင့် စာသင်ကျောင်းတစ်ကျောင်းနဲ့ နေအိမ်နှစ်ဆယ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်နှစ်ဆယ်လောက် ပျက်စီးတယ်။ စျေးတန်းတွေ ပျက်တယ်။ စာသင်ကျောင်းလည်း ပျက်တယ် ခင်ဗျ။ အပင်တွေရော လဲတယ် ခင်ဗျ”

မေလ ၂၇ ရက်နေ့ ဒီနေ့မှာလည်း မိုးဆက်ရွာနေပေမဲ့ လေပြင်းကြောင့်ပြိုလဲခဲ့တဲ့ သစ်ပင်ကြီးတွေကိုတော့ ရှင်းလင်းနေကြရတယ်လို့ ဆိုပါတယ်။

မေလ ၂၆ ရက်နေ့ ညနေပိုင်းကလည်း ပဲခူးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်လဲကျခဲ့ရာက သစ်ကိုင်းနဲ့ရိုက်မိပြီး အမျိုးသမီးတစ်ဦး ဒဏ်ရရခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ မေလ ၂၄ ရက်နေ့ကနေ မေလ ၂၇ ရက်နေ့အတွင်း တိုင်းနဲ့ ပြည်နယ်အချို့မှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး တချို့နေရာတွေမှာ မိုးကြီးတာနဲ့ လေပြင်းတိုက်တာတွေပါ ဖြစ်နိုင်တယ်လို့ မေလ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကလည်း မိုးအဆက်မပြတ်ရွာပြီး ပဲခူးမြစ်ရေ တက်လာတာကြောင့် ပဲခူးမြို့ပေါ် ရပ်ကွက်ဆယ်ခုထက်မနည်း ရေကြီးခဲ့ပြီး ဒေသခံ တစ်သောင်းခန့် အရေးပေါ်ပြောင်းရွှေ့ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။