ထိုင်ဝမ်ကို မြန်မာတွေ ပိုမိုလည်ပတ်ဖို့ ဆွေးနွေး


2018.07.21
taiwan-622.jpg တိုင်ပေမြို့ကို တွေ့ရစဉ်
Photo: Chris STOWERS / AFP

မြန်မာနိုင်ငံကနေ ထိုင်ဝမ်ကို ခရီးသွားဧည့်သည် များများစားစားလာရောက်ဖို့ ဆွဲဆောင်တဲ့အနေနဲ့ ပထမဆုံးသော ပင်လယ်ရပ်ခြားခရီးသွားလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ထိုင်ဝမ်ခရီးသွား လုပ်ငန်းဗျူရိုက ရန်ကုန်မြို့မှာ ဒီလ ၁၈ ရက်က ကျင်းပပါတယ်။

ဒီနှစ် ဇန်နဝါရီကနေ မေလအတွင်း မြန်မာနိုင်ငံကနေ ထိုင်ဝမ်ကို လာရောက်တဲ့ ခရီးသည်ဦးရေဟာ သိသိသာသာပဲ ၅၈ % တိုးလာတယ်လို့ ထိုင်ဝမ်ခရီးသွား လုပ်ငန်းဗျူရိုက ဒီလ ၂ဝ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။

ဒါဟာလည်း အရှေ့တောင်အာရှက ခရီးသည်တွေ ဗီဇာလျှောက်ထားရလွယ်ကူအောင် စီစဉ်ပေးတဲ့ New Southbound Policy တောင်ဘက်ခရီးဆီ မူဝါဒသစ်ရဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ ထိုင်ဝမ်ရဲ့ ပထမဆုံးနိုင်ငံတကာ ခရီးသွားလုပ်ငန်းအလုပ်ရုံဆွေးနွေးပွဲကို မြန်မာခရီးသွား အသင်း၊ မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း ၁၅ဝ ကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။