အလုပ်ထုတ်ခံရတဲ့ သရပါဟိုတယ် အလုပ်သမားတွေကို ပြန်ခန့်ပေးဖို့ တောင်းဆို
2018.11.04

ပုဂံမြို့ဟောင်း သရပါဟိုတယ်မှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၂ ဦး အပါအဝင် ၁၂ ဦးကို ပြန်လည်ခန့်ထားပေးဖို့ မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အလုပ်ရှင်က စီးပွားရေးကြပ်တည်းတယ်ဆိုပြီး အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။
ညှိနှိုင်းတာ တစ်လကျော်ကြာနေပြီဖြစ်ပေမယ့် ပြေလည်မှုမရလို့ အခုလို ဆန္ဒပြတောင်းဆိုတာလို့ အလုပ်ထုတ်ခံ ထားရတဲ့ အလုပ်သမားသမဂ္ဂက ကိုနေမျိုးဝင်း က ပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၂ ယောက်မှာ ၁၀ ယောက်က အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေဖြစ်ပြီး ဟိုတယ်လုပ်သက် အနည်းဆုံး ၅ နှစ်အထက်ရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲကို သရပါဟိုတယ် ဝန်ထမ်းတွေအပြင် မန္တလေးမြို့က အလုပ်သမားသမဂ္ဂ အဖွဲ့အင်အား ၁၀၀ ခန့်လည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိဘူးဆိုရင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆန္ဒပြတောင်းဆို သွားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။