ကုလအရေးပေါ်ကူညီရေးအဖွဲ့ အကြီးအကဲ မြန်မာပြည်လာမည်

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာနဲ့အရေးပေါ် အကူအညီအဖွဲ့ အကြီးအကဲ ဒုတိယ အတွင်းရေမှူးချုပ် မစ္စ ဗယ်လရီ အားမိုးစ် (Valerie Amos) ဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်း ၃ နိုင်ငံကို ဒီဇင်ဘာလ ၂ရက်နေ့ကနေ ၈ရက်အတွင်း လှည့်လည်သွားရောက်မယ်လို့ သတင်းရရှိပါတယ်။

2012.11.30

သူဟာ တာဝန်ထမ်းဆောင်ခဲ့ချိန်ကစပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ခရီးထွက်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ၊ ကုလသမဂ္ဂဌာနေရုံး အဖွဲ့ဝင်တွေနဲ့တွေ့ဆုံပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်မှာတော့ သူဟာ တိုင်းပြည်ရဲ့လူမှုအထောက်အကူ လိုအပ်ချက်တွေကို အဓိကထားဆွေးနွေးမှာ ဖြစ်သလို၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တည်ငြိမ်ရေးဆောင်ရွက်ချက်တွေမှာ တွေ့ရနိုင်တဲ့ အခက်အခဲတွေကိုလဲ အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို သွားရောက်လေ့လာဖို့ စီစဉ်ထားပြီး၊ ဒီဇင်ဘာလ ၇ရက်နေ့ မြန်မာနိုင်ငံက ပြန်တဲ့အခါ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။