ရိုဟင်ဂျာ အခွင့်အရေး ကုလ တိုက်တွန်း
2014.12.30

မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာလူနည်းစု မွတ်စလင်တွေကို နိုင်ငံသားအဖြစ် သတ်မှတ်ပေးဖို့၊ တန်းတူအခွင့်အရေးတွေပေးဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂအထွေထွေ ညီလာခံက မနေ့က အတည်ပြုလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံ လူ့အခွင့်အရေးကော် မတီက ပြီးခဲ့တဲ့လအတွင်း သဘောတူညီထားတဲ့ အဲဒီဆုံးဖြတ်ချက်မူကြမ်းကို ညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံ က တညီတညွတ်တည်း အတည်ပြုလိုက်တာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်အတွင်း ဗုဒ္ဓဘာသာ ဝင်တွေနဲ့ မွတ်စလင်တွေအကြားဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ဒုက္ခသည်စခန်းတွေ မှာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာ ၁ သိန်း ၄သောင်းရဲ့ အခြေအနေဟာ အထူးစိုးရိမ်စရာဖြစ်နေတယ်လို့ အဲဒီဆုံးဖြတ်ချက်ထဲမှာ ဖော်ပြထားပါတယ်။