ရွေးကောက်ပွဲမသမာမှု ဖြေရှင်းဖို့နဲ့ အကျဉ်းသားတွေလွတ်ဖို့ ကုလအကြံပေးအရာရှိ တောင်းဆို

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်လို့ ဝေဖန် စွပ်စွဲတာတွေကို ဖြေရှင်းဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

2010.11.28
vijay_nambiar_unga_305z ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဗီဂျေ နမ်ဘီးယားကို အထွေထွေညီလာခံ အစည်းအဝေးတခုတွင် တွေ့ရပုံ။ (UN Photo/JC McIlwaine)
UN Photo/JC McIlwaine

နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အပြီး ဒီကနေ့ ကြေညာချက်တစောင် ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး အကူးအပြောင်း အောင်မြင်ဖို့အတွက် ကျယ်ပြန့်ပြီး အားလုံး ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ဖို့ လိုတယ်လို့ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့သူတွေကိုရော၊ မဝင်ခဲ့သူတွေကိုပါ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သဘောထား အားလုံးကို လေးစားပါကြောင်း၊ အခုချိန်ဟာ အမျိုးသား အကျိုးစီးပွားအတွက် ရှေ့ရှု လုပ်ဆောင်ဖို့ အချိန်ဖြစ်ပြီး၊ နိုင်ငံရေး အကူးအပြောင်း အောင်မြင်ဖို့အတွက် ဒီလုပ်ငန်းစဉ်ထဲမှာ ရွေးကောက်ပွဲ ဝင်ပြီး အနိုင်ရခဲ့သူတွေ သာမက ရွေးကောက်ပွဲ မဝင်ခဲ့သူ၊ ဝင်ခွင့် မရခဲ့သူတွေကိုလည်း ပါဝင်ခွင့် ပြုသင့်ကြောင်း မစ္စတာနမ်ဘီးယားက တိုက်တွန်းထားပါတယ်။

ဒါကြောင့် ပထမဆုံး ခြေလှမ်းအဖြစ် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ အစိုးရသစ်နဲ့ နိုင်ငံ့အဖွဲ့အစည်း အသီးသီး ဖွဲ့စည်းချိန်ဟာ ဒီအချက်ကို အကောင်အထည်ဖော်ဖို့ အထူး အရေးကြီးတဲ့ အခွင့်အရေး ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ ဒေါ်အောင်ဆန်းစုကြည် အပါဝင် ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ဆုံခဲ့သလို ဒေါက်တာသန်းငြိမ်း ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီ၊ ဦးသုေ၀ ခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အပါအဝင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေနဲ့ အစိုးရ အရာရှိတွေကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့လည်း ကုလသမဂ္ဂရုံးမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-11-28 09:17

another guy request again....stop doing that

Anonymous
2010-11-28 18:28

ခေတ်သစ် ဂဠုန် အောင်သောင်း မောင်အေး သန်းရွှေ
အောင်သောင်းကိုယ်တိုင် ဦးစီးကာ မြို့နယ်တမြို့နယ် အမာခံ ၁၅ ယောက်ရွေးပြီး ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံ သတ်ဖြတ်ဖို့ သင်တန်းတွေ ပေးနေတယ်ဆိုတဲ့ သတင်း မြန်မာပြည်ထဲမှာ ပြန့်နှံ့နေပါတယ်။