ရက္ခအလင်းတန်း လျှို့ဝှက်စာစောင် ရခိုင်လူငယ်များဖြန့်ဝေ

ရခိုင်လူမျိုးတို့ရဲ့ အမျိုးဘာသာ သာသနာနဲ့ ယဉ်ကျေးမှု ဖော်ထုတ်ရေးနဲ့ တိုင်းရင်းသား လူထုတရပ်လုံး တန်းတူ အခွင့်အရေး ရရှိရေးတို့ အပါအဝင် အချက် ၇ ချက်ကို ရည်ရွယ်ပြီး ပထမဦးဆုံးအနေနဲ့ ရခိုင်ပြည်တွင်းမှာ လျှို့ဝှက်ထုတ်ဝေတဲ့ ရက္ခအလင်းတန်း စာစောင်ကို အခုအခါ ပြည်နယ် အတွင်းမှာ ဖြန့်ဝေနေတယ်လို့ သိရပါတယ်။

2011.04.27
arakan_ray_booklet_305_z.png ရက္ခအလင်းတန်း စာစောင် ဖြန့်ဝေရန် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: Arakan Ray)
Photo: Arakan Ray

ရခိုင်စာပေနဲ့ ရေးသားထားတဲ့ အဲဒီစာစောင်မှာ ရခိုင်သမိုင်းနဲ့ ယဉ်ကျေးမှုရေးရာတွေ အပြင် ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးတွေကို ကဗျာတွေ၊ ဆောင်းပါးတွေနဲ့ ဖော်ပြထားပါတယ်။

အဲဒီစာစောင်ကို ဒီလကနေစပြီး လျှို့ဝှက်ပြီး လစဉ် ထုတ်ဝေ ဖြန့်ချိသွားမယ်လို့ ရက္ခိတ လူငယ်အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောပါတယ်။

“တနင်္ဂနွေနေ့က စပြီးတော့ ကျွန်မတို့ ရခိုင်ပြည်ရဲ့ နယ်စပ် တောဖက်တွေပေါ့ ဖြန့်တယ်။ ကျွန်မတို့ ဒီ ရခိုင်ပြည်အတွင်းမှာ ရှိတဲ့ နယ်တွေပေါ့။ ဒီနှစ်ကျတော့ အီးမေးလ်ကနေပြီးတော့ ပြည်ပတွေကို ဖြန့်တယ်။ ပြည်ပရယ်၊ ပြီးတော့ mail account ပေးထားတဲ့ လူတွေကိုပေါ့။ အားလုံး လူတိုင်းလိုလိုက လက်ခံပါတယ်။ နောက်ထပ် စာစောင် ဘယ်တော့ ထွက်မလဲပဲ မေးကြပါတယ်။

“အနှောင့်အယှက်ကတော့ မတွေ့ရသေးပါဘူး အခုလောလောဆယ်။ ဟုတ်ကဲ့ အန္တရာယ် ရှိနိုင်တဲ့ ကြားထဲကနေ ကြိုးပမ်းပြီးတော့ ဖြန့်နေတာပါ။ ကျွန်မတို့ ဘယ်လို ကြုံတွေ့ရမလဲ ဆိုတာတော့ မသိသေးဘူးပေါ့။”

အခုအထိ အဲဒီ စာစောင် ဖြန့်ဝေရာမှာ အနှောင့်အယှက် မတွေ့ရသေးကြောင်းနဲ့ ဘယ်လို အခက်အခဲရှိရှိ လစဉ်ထုတ်ဝေသွားဖို့ အတွက် ပြင်ဆင်ထားတဲ့အကြောင်း လူငယ် အမျိုးသမီးကပဲ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-27 14:34

I love rakhine