ထိန်းသိမ်းခံ ယူနတီဂျာနယ် သတင်းထောက်တွေကို ရုံးထုတ်


2014.04.22
unity-journal-305.jpg အတွဲ ၃၊ အမှတ် ၄ ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက်ဓါတုလက်နက်စက်ရုံပါသော မျက်နှာဖုံးပုံ
photo: Facebook

ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ် ဦတင့်ဆန်းနဲ့ သတင်းထောက် လေးဦးကို မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပြီး အစိုးရတရားလိုပြသက်သေ နှစ်ယောက်ကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။

တရားရုံးမှာ စစ်ဆေးခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်က သတင်းထောက်တွေရဲ့ရှေ့နေ ဦးကျော်လင်းက အခုလို ပြောပါတယ်။

"အမှုဖြစ်တဲ့အခါကျတော့ အစိုးရဖက်က ဒီနေ့စစ်တာ သုံးယောက်ပဲရှိတယ်ဗျာ၊ တစ်ယောက်က ခွင့်ယူတော့ နှစ်ယောက်ပဲလာပါတယ်၊ အဲဒီနှစ်ယောက်မှာ တစ်ယောက်က ကွန်ပြူတာ ကျွမ်းကျင်ဆိုပြီးတော့ သူတို့ဒီက sb ကနေပြီးတော့ သူတို့နဲ့သိတဲ့လူကို သက်သေထူပါတယ်၊ သူကရှာဖွေမှာ မပါတဲ့အခါကျတော့ သူ့ထွက်ချက်ကတော့ သိပ်မထိရောက်ပါ ဘူး၊ နောက်တစ်ဦးကတော့ ကားမောင်းတဲ့ကောင်လေးပါပဲ၊ ဒီကောင်လေးကလည်း အဲဒီကိုဝင်သွားစဉ်ကာလမှာ ဆိုင်းပုဒ်ကြီးတွေချိတ်ပြီး တားမြစ်ထားတာ မရှိဘူးဆိုတာ ထွက်သွားပါတယ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် ယူနတီသတင်းဂျာနယ်မှာ မကွေးခရိုင် ပေါက်မြို့နယ်က လျို့ဝှက်ဓါတု လက်နက်စက်ရုံလို့ ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးကို ရေးသားဖော်ပြခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက် ၄ ယောက်ကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြား မှု ပုဒ်မနဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

လာမယ့် ဧပြီလ ၂၈ရက် နဲ့ ၂၉ ရက်နေ့တွေမှာ ဒီအမှုကို ပြန်လည်စစ်ဆေးသွားမှာဖြစ်ပြီး တရားလိုပြသက်သေအားလုံးကို စစ်ဆေးသွားမယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။