UPDJC အစည်းအဝေး ကျင်းပ


2017.10.30
updjc-meeting-oct30-622.jpg ၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA

တတိယအကြိမ် ပင်လုံညီလာခံမှာ ဘယ်လိုအခြေခံမူခေါင်းစဉ်တွေ ဆွေးနွေးမယ်ဆိုတာ သတ်မှတ်ဆုံးဖြတ်ကြဖို့ ၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

၁၂ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးကို နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ကျင်းပခဲ့ပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပမယ့်နေရာ၊ ကျင်းပမယ့်ပုံစံ သတ်မှတ်ရေး၊ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှာချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စု အစိတ်အပိုင်း ၁ ကို လွှတ်တော်ကို တင်သွင်းဖို့ ကိစ္စတွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေနဲ့ လုပ်ငန်းလမ်းစဉ်တွေကို ပြန်လည်သုံးသပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး ဆွေးနွေးဆုံးဖြတ်နိုင် ဖို့အတွက် EAO-UPDJC  အဖွဲ့ခေါင်းဆောင် ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။