UPDJC အစည်းအဝေးကို ယာယီဆိုင်းငံ့ထား
2016.10.18

Photo: Win Ko Ko Latt/RFA
နေပြည်တော်မှာ ကျင်းပမယ့် UPDJC အစည်းအဝေးကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ လျာထားပေမယ့် နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေ ရှိနေတာကြောင့် အစည်းအဝေးကို ဆိုင်းငံ့ထားမှာ ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာကျင်းပ တဲ့ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း စတုတ္ထအကြိမ် အစည်းအဝေး အပြီးမှာ ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံရေးမူဘောင်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို အောက်တိုဘာ ၂၀ ရက်နေ့ထိ သုံးရက် ကြာဆွေးနွေးသွားကြမှာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထဲက NCA မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ UPDJC အစည်းအဝေးကို ဘယ်လိုပုံစံတက်ရောက်မယ် ဆိုတာကိုတော့ မဆွေးနွေးနိုင်သေးဘူး လို့ ပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲကို အစိုးရကိုယ်စားလှယ်တွေ၊ NCA မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ လက်မှတ်မထိုးထား တဲ့အဖွဲ့တွေ တက်ရောက်ခဲ့ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။