မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုအပေါ် အကောင်းမြင်ကြောင်း ကုလပြော

မြန်မာနိုင်ငံအနေနဲ့ သွားရမယ့် ခရီးဝေးသေးကြောင်း၊ ခြေလှမ်း မှားတွေနဲ့လည်း ကြုံရနိုင်ကြောင်း၊ ဒါပေမဲ့ မိမိအနေနဲ့ အခုထိ ဖြစ်ထွန်းမှုတွေ အပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ Vijay Nambir က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂ သတင်းဌာန က တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။

2013.01.03
un-vijay-nambiar-b305 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီယားဖြစ်ပါသည်။
Photo courtesy of UN Multimedia.org

ဆက်လက်ပြီး မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ကုလသမဂ္ဂအနေနဲ့ မြန်မာအစိုးရအပေါ် ဖိအားတွေ ပိုပြီးပေးစေချင်ကြပါတယ်၊ အခုတော့အခြေအနေက ပြောင်းသွားပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂအနေနဲ့ ပိုမိုဆောင်ရွက်နိုင်တဲ့ အခန်းကဏ္ဍ ရှိလာနေပါပြီ၊ မြန်မာပြည်မှာ ကုလသမဂ္ဂ က ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတွေလည်းရှိပါတယ်၊ ၂ဝ၁၄ခုနှစ် လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကိစ္စ၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိစ္စ၊ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကိစ္စတွေမှာ ကုလသမဂ္ဂရဲ့  ပါဝင်ကူညီနိုင်တဲ့ အခန်းကဏ္ဍ ပိုပြီးကျယ်ပြန့်လာနေပါတယ် လို့ မစ္စတာ Vijay Nambir က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။