ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေး နှိုးဆော်သူများ အစည်းအဝေးကျင်းပ
2013.05.23

ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ- သမဂ္ဂ အဆောက်အဦး ပြန်လည်တည်ဆောက်ရေးအတွက် တိုက်တွန်းနှိုးဆော်သူတွေရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ စားသောက်ဆိုင်မှာ မနေ့ကကျင်းပခဲ့ပါတယ်။
အဲဒီအစည်းအဝေးကနေ သဘောထားနဲ့ လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ခဲ့တယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင်းလင်းလူ့အဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုဗသက်အောင်က ပြောပါတယ်။
"နံပါတ် ၁ က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံ့ဖြိုးရေးနဲ့ တကသ အဆောက် အအုံ ပြန်လည်တည်ဆောက်ရေးအတွက် စည်းရုံးနှိုးဆော် တိုက်တွန်းသူများ သာဖြစ်ကြောင်း၊ နံပါတ် ၂ အချက်က တကသ အဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆောက်လုပ်ရေးရန်ပုံငွေ ရှာဖွေစုဆောင်းခြင်းလုပ်ငန်းတွေကို ကျနော်တို့ဆောင်ရွက်မှုမရှိသေးပါ၊ နံပါတ် ၃ က ခေတ်အဆက် ဆက် ကျောင်းသားမျိုးဆက်တွေရဲ့ အမြင်သဘောထားတွေကို ကျနော်တို့ကရယူမည်ဖြစ်တဲ့အတွက် လုပ်ငန်းစဉ် ၃ ရပ်ကို ချမှတ်လိုက်ပါတယ်"
လတ်တလော ရှေ့လုပ်ငန်းစဉ်အနေနဲ့ ရှင်သန်ဖူးေ၀ ကန့်ကော်မြေစာအုပ်ကို လာမယ့်ဇွန်လအတွင်း ထုတ်ဝေဖြန့်ချိနိုင်ဖို့နဲ့ မူဝါဒသဘောထားအမြင်ကို လက်ကမ်းစာစောင်အနေနဲ့ ရိုက်နှိပ်ဖြန့်ဝေဖို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။
ကိုဗသက်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်