ရန်ကုန်မြို့တော် စည်ပင်ရွေးကောက်ပွဲ ရွေးချယ် ခံရသူစာရင်း ကြေညာ
2014.12.29

ဒီဇင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေး ကောက်ပွဲမှာ ရွေးချယ်ခံရသူ ကိုယ်စားလှယ်လောင်း ၁၁၅ ဦးစာရင်းကို ဒီနေ့ မြို့တော်ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရန်ကုန်မြို့တော်အဆင့်အတွက် ရွေးချယ်ခံရသူတွေက ဦးဌေးအောင်၊ ဦးခင်လှိုင်၊ ဒေါက်တာအေးမင်းနဲ့ ဦခင်မောင်တင့်တို့ ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သူ ၂၉၃ ဦးထဲက ၁၁၅ ဦးကို ရွေးကောက်တင်မြှောက်ခဲ့ တာ ဖြစ်ပါတယ်။
ရွေးကောက်ခံရတဲ့ ၁၁၅ ဦးထဲက ၃၉ ဦးဟာ သူတို့ယှဉ်ပြိုင်တဲ့နေရာတွေမှာ ယှဉ်ပြိုင်ဖက်မ ရှိတာကြောင့် အလိုအလျောက် ကိုယ်စားလှယ်ဖြစ် ခဲ့တာပါ။
အနိုင်ရရှိသူတွေကို ကြေညာပြီးတဲ့နောက် ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်လိုသူတွေက လျှောက်လွှာ တင်နိုင်တယ်လို့ သိရပါတယ်။ အဲဒီလို ကန့်ကွက်လွှာတင်မယ်ဆိုရင် ငွေကျပ် ၅ သိန်း ပေးသွင်းရမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူတွေဟာ ရန်ကုန်မြို့တော်စည်ပင်ဝန်ထမ်းအဖြစ် ၁၅ လကြာ တာဝန်ယူဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
ရွေးကောက်ခံရသူ ၁၁၅ ဦးထဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် ခရိုင် ၄ ခုကနေ ရွေးကောက်ခံရသူတွေကတော့ အရှေ့ပိုင်းခရိုင်ကိုယ်စားပြု ဦးဌေးအောင်၊ အနောက်ပိုင်းခရိုင်ကိုယ်စားပြု ဦးခင်လှိုင်၊ တောင်ပိုင်းခရိုင်ကိုယ်စားပြု ဒေါက်တာအေးမင်း နဲ့ မြောက်ပိုင်းခရိုင်ကိုယ်စားပြု ဦးခင်မောင်တင့် တို့ ဖြစ်ပါတယ်။
အဲဒီထဲက အရှေ့ပိုင်းခရိုင် ကိုယ်စားပြု ရွေးကောက်ခံရတဲ့ ဦးဌေးအောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။