ဖဲကြိုးဝါလှုပ်ရှားမြို့ စစ်တွေမြို့အထိ ဆက်လက်ပြန့်နှံ့


2015.09.17
yellow-ribbon-sittwe-lawers-620.jpg စစ်တွေမြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က ရှေ့နေတချို့ ဖဲကြိုးဝါလှုပ်ရှားမှု စတင်ခဲ့စဉ်
Photo: Min Thein Aung/RFA

တပ်မတော်ကနေ အငြိမ်းစားယူထားသူတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူးတွေ ခန့်အပ်လိုက်တာကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ရှေ့နေတွေက ဒီနေ့ ဖဲကြိုးအဝါတွေ တပ်ဆင်ပြီး ကန့်ကွက် ကြပါတယ်။

တရားစီရင်ရေးကဏ္ဍရဲ့ ထိပ်ပိုင်းနေရာတွေမှာ တပ်မတော်အရာရှိတွေကို ခန့်အပ်လိုက်တာကြောင့် စီရင်ချက်တွေ လည်: မျှတမှုရှိလာမှာမဟုတ်ဘူးလို့ ဖဲကြိုးအဝါလှုပ်ရှားမှုမှာပါဝင်တဲ့ ရှေ့နေ ဦးမျိုးမြတ်ဟိန်းက ပြောပါတယ်။

"တရားစီရင်ရေးဆိုတာက ဆင်ခြင်တုံတရားရှိတယ်၊ စစ်တပ်ခေါင်းဆောင်တွေ  မကျွမ်းကျင်တဲ့နယ်ပယ်မှာ လာပြီးတော့ ရှေ့နေတွေတင်တဲ့ အယူခံအဆင့်ဆင့်ကို ဆုံးဖြတ်မှာကို မလိုလားတဲ့သဘောမျိုးနဲ့ ကျနော်တို့ အလိုမရှိဘူး၊ နောက်တရားစီရင်ရေးက တရားသူကြီးတွေကိုလည်း အနည်းနဲ့အများ လွဲများလာမယ်ဆိုရင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ ရရှိတဲ့စီရင်ချက်တွေမှာ မျှတတဲ့စီရင်ချက်တွေဖြစ်ဖို့ တော်တော်ကြီးကို ခဲယဉ်းတယ်လို့မြင်ပါတယ်"

စစ်တွေမြို့နယ် တရားရုံးနဲ့ ခရိုင်တရားရုံးထဲမှာ ရှေ့နေတွေက ဖဲကြိုးအဝါကို တပ်ဆင်ထားကြတာဖြစ်ပြီး အဲဒီလှုပ်ရှားမှုကို တစ်လကြာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်ကစပြီး ဖဲကြိုးအဝါလှုပ်ရှားမှုကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့နယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။