ရန်ကုန်က ကွန်ဒိုတွေ ကို ပြန်စစ်မယ်


2016.07.16
ygn-condo-620.JPG ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတချို့ကို တွေ့ရစဉ်
Photo: Myo Zaw Ko/RFA

ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်စစ်ဆေး မှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။

ရန်ကုန်မြို့မှာ အထပ်မြင့်အဆောက်အအုံတွေများလာရင် မြို့ပျက်စီးလာနိုင်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထပ်မြင့်ကွန်ဒိုတွေကို ပြန်စစ်ဆေးတဲ့သဘောဖြစ်တယ်လို့ အထပ်လျှော့ဖို့ညွှန်ကြားခံရတဲ့ Naing Group ဆောက်လုပ်ရေး အမှုဆောင်ဒါရိုက်တာ ဦးကျော်ကျော်မိုး က ပြောပါတယ်။

"အထပ်မြင့်တွေ ဆောက်တာများလာရင် ရန်ကုန်မြို့တော်ကြီးက ပျက်စီးသွားမယ်၊ မြို့အင်္ဂါရပ်နဲ့ မညီတော့ဘူးဆိုတဲ့ အတိုင်းအတာ၊ ပြီးတော့ အထပ်မြင့်တွေကို အကုန်ပြန်လည်စိစစ်တဲ့သဘောပါခင်ဗျ၊ အခု ကျနော်တို့ သိသလောက်ဆိုရင်တော့ ကမ္ဘာအေးဘုရားလမ်းပေါ်က Aye&Son ပါပါတယ် ၊ ချော်တွင်း ကုန်းမီးပွိုင့်အကျော်က KER ပါပါတယ် ၂၉ ထပ်ကို သူက ၁၂ ထပ်လျှော့ခံရတာပေါ့၊ ကမ်းနာလမ်းက Paragon Residence ပါပါတယ်၊ ဖိုးစိန်လမ်း Illustra ပါပါတယ်၊ မရမ်းကုန်းက IVY ကွန်ဒိုပါပါတယ်၊ ကမ္ဘာအေးဘုရားလမ်း ရိပ်သာမှတ်တိုင်က စိမ်းလဲ့အောင်ကွန်ဒို ပါပါတယ်၊ နောက် တစ်ခုက အင်းစိန် လမ်းကြီးပေါ်က Golden Dragon ပါပါတယ်၊ Merchant Sule Project ပါပါတယ်"

ဆောက်လုပ်ထားတဲ့ အထပ်တွေကိုပြန်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရရဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်ကို ပြန်စစ်ဆေးပေးဖို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဘက်က သက်ဆိုင်ရာဌာန ဆိုင်ရာတွေကို မေတ္တာရပ်ခံစာပေးပို့သွားမယ်လို့လည်း ဦးကျော်ကျော်မိုးက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရရဲ့ ညွှန်ကြားချက်ကြောင့် ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ဝယ်ယူသူတွေအကြားယုံကြည်မှု ပျက်လာနိုင်သလို ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ အရောင်ဆိုင်တွေအထိပါ ထိခိုက်နှစ်နာမှု တွေရှိနေ တယ်လို့လည်း ပြောပါတယ်။

မြို့တော်စည်ပင်သာယာရေးကော်မတီက ၉ ထပ်နဲ့အထက် ကွန်ဒိုတိုက်ခန်းတွေကို အထပ်မြင့်အဆောက်အအုံလို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆၀ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်စစ်ဆေး မှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။

ကွန်ဒို၂ လုံးကို အထပ်လျှော့ဖို့ ညွှန်ကြားခံထားရတဲ့ Naing Group ဆောက်လုပ်ရေး အမှုဆောင်ဒါရိုက်တာ ဦးကျော်ကျော်မိုး RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။