သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-06-10
မြန်မာနိုင်ငံမှာ NLD အစိုးရတက်လာပြီးတဲ့နောက် လာဘ်ပေးလာဘ်ယူ အဂတိကိစ္စတွေ လျော့ကျသွားတယ် ဆိုပေမယ့် ဆက်လက်ဆောင်ရွက်စရာတွေ အများအပြား လိုအပ်နေသေးတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။
2019-06-10
နိုင်ငံတကာပညာရှင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ODI ခေါ် ပင်လယ်ရပ်ခြားနိုင်ငံများဖွံ့ဖြိုးရေးအင်စတီကျုက ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ရိုဟင်ဂျာအရေးအစီရင်ခံစာနဲ့ UAE နိုင်ငံရဲ့အကူအညီအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-06-10
ပြီးခဲ့တဲ့လကုန်ပိုင်းက စင်္ကာပူနိုင်ငံထုတ် အာရှသိပ္ပံပညာရှင် မဂ္ဂဇင်းက အာရှနိုင်ငံတွေက သိပ္ပံပညာရှင် အကျော်အမော် ၁၀၀ စာရင်းကို ထုတ်ပြန်ပါတယ်။
2019-06-07
အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းဟာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတာကြောင့် အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ကြပါတယ်။
2019-06-07
ရခိုင်ပြည်နယ်အတွင်းက ဒေသခံအများစု၊ အထူးသဖြင့် လူငယ်အများစုဟာ ပါတီနိုင်ငံရေးထက် လက်နက်ကိုင်တော်လှန်ရေးကို စိတ်အားထက်သန်နေကြတာဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းတဲ့လက္ခဏာမဟုတ်တာကြောင့် ထိန်းသိမ်းဆောင်ရွက်ဖို့သင့်ကြောင်း ပြောဆိုနေကြပါတယ်။
2019-06-07
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်အနေနဲ့ စစ်အစိုး ရခေါင်းဆောင်အဖြစ်ကနေ၊ ရွေးချယ်ခံဝန်ကြီးချုပ်အဖြစ် အဆင်ချောနိုင်မလား သံသယရှိနေကြပါတယ်။
2019-06-06
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်မှုမှာ ပါဝင်တယ်ဆိုပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရစဉ် သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာက ကိုထွန်းမြင့်ဝင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေတွေ့ရတယ်လို့ မိသားစုက ပြောပါတယ်။
2019-06-06
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်က ဆွာချောင်းရေလှောင်တမံ ကျိုးကျတာကြောင့် ပြိုလဲပျက်စီးခဲ့တဲ့ ကျွန်းတောစုကျေးရွာက နောက်တိုးနေအိမ် ၁၃ လုံးကို အခုချိန်အထိ မဆောက်ပေးသေးတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2019-06-06
နိုင်ငံတော် အကြည်ညိုပျက်စေမှှုဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့ ဆရာတော် ဦးဝီရသူက သုူဟာ ဝရမ်းပြေးမဟုတ်ပါဘူး အဖမ်းခံဖို့စီစဉ်ထားပြီးဖြစ်ပါတယ်လို့ မိန့်ကြားလိုက်ပါတယ်။
2019-06-04
မတူကွဲပြားတဲ့ဘာသာစကားတွေ သင်ကြားရေးနဲ့ တိုင်းရင်းသားဘာသာတွေကြား အဘိဓာန်တွေ ပြုစုထုတ်ဝေရေးဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေးအပြင် တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေမယ့်အကြောင်း သုံးသပ်တင်ပြထားပါတယ်။
2019-06-04
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့မှာ မြန်မာသံရုံး ဖွင့်လှစ်ခဲ့သလို ချက်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြီး ခရီးစဉ်ဟာ ဒီကနေ့ပြီးဆုံးခဲ့ပါပြီ။
2019-06-04
မြန်မာ့စီးပွားရေးအလားအလာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အကောင်းမြင်တာတွေ ရှိနေသလို၊ ချို့ယွင်းအားနည်းနေဆဲလို့ ယူဆတာတွေလည်းရှိပါတယ်။
2019-06-03
ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM နဲ့ ကော့ဆက်ဘဇားက မွတ်စလင်ဒုက္ခသည်တွေရဲ့ တွေ့ဆုံပွဲမှာ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာက ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။
2019-06-03
ချက်သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးသစ်ကို မနက်ဖြန် ဇွန်လ ၄ ရက်နေ့မှာ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။