သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-07-30
အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း မဲပေးခွင့်ရှိသူ လူဦးရေ ၁၆ သိန်း ၄ သောင်းကျော် ရှိပါတယ်။ စစ်တွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံ ၂ သိန်းကျော်လောက်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရတာမို့ ဒုက္ခသည်စခန်းတွေမှာပါ မဲပုံးထောင်ပေးဖို့ ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေက တောင်းဆိုနေတာတွေလည်း ရှိပါတယ်။
2020-07-30
လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အထဲမှာ လူငယ်နဲ့ အမျိုးသမီးတွေကို ပိုမိုထည့်သွင်း လာကြပါတယ်။ ဒါဟာ အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို အားပေးတာဖြစ်သလို ငါးဆယ်ရာခိုင်နှုန်းကျော်သော အမျိုးသမီးမဲဆန္ဒရှင်တွေရဲ့ မဲကိုရဖို့အတွက်ဖြစ်တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။
2020-07-30
ထိုင်းနိုင်ငံတောင်ပိုင်းလို သံရုံးနဲ့ဝေးကွာတဲ့မြို့တွေက ရွှေ့ပြောင်းမြန်မာအလုပ် သမားတွေဟာ သံရုံးအထိသွားပြီး ကြိုတင်မဲပေးဖို့ ခက်ခဲတာကြောင့် မဲပေးချင် ပေမယ့် အများစုက စာရင်းသွင်းမထားကြဘူးလို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားတွေက ပြောပါတယ်။
2020-07-29
ဒီရက်ပိုင်းအတွင်း လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ မဲပေးရင်လည်း ပယ်မဲဖြစ်အောင် ပြုလုပ်ကြဖို့ လှုံ့ဆော်ပြောကြားသံတချို့ ပေါ်ထွက်နေပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ဖြတ်သန်းနေသူတချို့ရဲ့ သဘောထားတွေကကော ဘယ်လိုရှိပါသလဲ...။
2020-07-29
မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမတ်လောင်း ရွေးချယ်ရာမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်းနီးပါးနဲ့ လူငယ် ၄၀ ရာခိုင်နှုန်း ပါဝင်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2020-07-29
ရွေးကောက်ပွဲကို ထောက်ခံတာမျိုး မဟုတ်ပေမယ့် ဒေသအတွင်း လူထုရဲ့ ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှုကို မဟန့်တားလိုတဲ့အတွက် TNLA ထိန်းချုပ်နယ်မြေတွေမှာ ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ်စွာ ကျင်းပနိုင်တယ်လို့ TNLA ဘက်က ပြောပါ တယ်။ အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ကလည်း သူတို့ လှုပ်ရှားတဲ့နယ်မြေမှာ ရွေးကောက်ပွဲလွတ်လပ်စွာ ကျင်းပနိုင်ရေး လမ်းဖွင့်ပေးသွားမယ်လို့ ဆိုပါတယ်။
2020-07-28
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်မှာ အာဆီယံက ပါဝင်ကူညီရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ အာဆီယံအဖွဲ့ဝင်တွေ ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားသူတွေ ပြန်လာရေးအစီအစဉ်ဟာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေတာကြာပြီ ဖြစ်ပါတယ်။
2020-07-27
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ အင်တာနက် အသုံးပြုမှု ပိတ်ဆို့ခံထားရတာကြောင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ညှိနှိုင်းဆောင်ရွက်ရေး၊ တိကျတဲ့ သတင်းအချက်အလက် ကောက်ယူရရှိရေး၊ အနိုင်ကျင့် နှိပ်စက်ခံရတာတွေကို လေ့လာစောင့်ကြည့်ရေး လုပ်ငန်းစဉ်တွေမှာ ထိခိုက်စေတယ်လို့ Human Rights Watch (HRW) နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
2020-07-26
ကိုရိုနာဗိုင်းရပ်စ် ပျံနှံ့နေချိန်ကာလအတွင်း ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၆၀မှာ လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာ၊ တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးတာတွေ ရှောင်ကြည်ဖို့လိုတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
2020-07-25
ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းမိတဲ့ တရုတ်လက်နက်တွေဟာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ အရှေ့မြောက်သူပုန်အဖွဲ့တွေကို တရုတ်က ထောက်ပံ့တာ ဖြစ်နိုင်တယ်လို့ ဥရောပအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဆိုင်ရာဖောင်ဒေးရှင်းအဖွဲ့ EFSAS က သုံးသပ်လိုက်တဲ့အကြောင်း အိန္ဒိယအခြေစိုက် ANI သတင်းမှာ မနေ့ကဖော်ပြထားပါတယ်။
2020-07-25
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ် ဖလမ်းမြို့နယ်ထဲပါဝင်တဲ့ ဝေဘူလတောင်မှာ ခရိုမိုက်သတ္တုတူးဖော်ရေး အလတ်စားလုပ်ငန်း တူးဖော်ဖို့လုပ်နေတာကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိမှာစိုးရိမ်ပြီး ဒေသခံတွေ ကန့်ကွက်နေကြပါတယ်။
2020-07-23
ရခိုင်ပြည်နယ်မှာ တပ်မတော်က ဖမ်းဆီးမှုကိုခံရပြီးနောက် သေဆုံးခဲ့ရသူဦးရေ တိုးလာဆဲဖြစ်သလို ဖမ်းဆီးနှိပ်စက် ခံရတာတွေနဲ့ ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးသွားတာတွေအတွက် တရားမျှတမှုမရကြဘူးလို့ ကာယကံရှင်တွေရဲ့ မိသားစုတွေက ပြောပါတယ်။
2020-07-23
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေပြီး အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာမရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့် အစီအစဉ်ကို ဂျပန်အစိုးရဘက်က ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီနေ့ ဇူလိုင် ၂၃ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
2020-07-23
အခြေခံပညာကျောင်းသားတွေအတွက် ဘော်ဒါဆောင်တွေနဲ့ ကျူရှင်တွေ ဖွင့်ခွင့် မပြုသေးလို့ မြို့ပေါ်နဲ့ အလှမ်းဝေးတဲ့နေရာတွေကနေ ကျောင်းတက်ရမယ့် ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတချို့တို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2020-07-22
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် အခုအချိန်ထိ သေဆုံးသူ ၆ ဦးပဲ ရှိသေးပေမဲ့လည်း နိုင်ငံတကာနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေအရ အထူးသတိထားကြဖို့ လိုတယ်လို့ ဒီရောဂါဖြစ်ပွားမှုကို အလေးထားစောင့်ကြည့်နေတဲ့ ပြည်တွင်းရှိဆရာဝန်တွေက ပြောပါတယ်။