သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-02-12
ကိုရိုနာ-ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အလွန်အမင်း ထိခိုက်နေတယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးက ပြောလိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်တဲ့ပမာဏဟာ ၉ဝ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။
2020-02-11
ဘင်္ဂလားပင်လယ်အော် စိန့်မာတင်ကျွန်းအနီးမှာ ရိုဟင်ဂျာဒုက္ခသည် ၁၃၈ ဦး လိုက်ပါလာတဲ့ စက်လှေတစီး မနေ့က နစ်မြုပ်ခဲ့တာကြောင့် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး၊ ကျန်တဲ့ ၇၂ ဦးကိုတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်က ကယ်ဆယ်ခဲ့ပါတယ်။
2020-02-11
မြန်မာနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ ဝူဟန်မြို့ခံ ၄ ယောက်ကို မြန်မာ အာဏာပိုင်တွေက ဆက်ပြီးရှာဖွေနေချိန်မှာပဲ၊ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှာကို အတော်လေး စိုးရိမ်နေကြပါတယ်။
2020-02-11
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ICJ တရားရုံးက အရေးပေါ် ကြားဖြတ်အမိန့်ထုတ်ထားတဲ့ ကာလမှာပဲ ကျောက်တော်မြို့နယ် မြောက်ဘက်က ရွာတွေမှာ လက်နက်ကြီး ကျည်တွေထိမှန်တဲ့အတွက် ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာကလေးငယ် တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2020-02-11
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်ထောင်ကျော်လာပါပြီ၊ ဒါပေမဲ့ မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ကတော့ မန္တလေးသားတွေ မစိုးရိမ်ကြဖို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
2020-02-11
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ဝန်းကျင်ကစပြီး ဓာတ်ခွဲစစ်ဆးနိုင်တော့မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောကြားပါတယ်။
2020-02-11
လက်ရှိ NLD အစိုးရအနေနဲ့ တရုတ်ကို သူ့ထက်တောင် ကြောက်နေရတဲ့အပြင် နောက်လာမယ့်အစိုးရအဆက်ဆက်လည်း ဆက်ကြောက်နေရဦးမယ်လို့ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်းက ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့ သုတေသနစာတမ်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောလိုက်ပါတယ်။
2020-02-11
တပ်မတော်တပ်ရင်းမှူးတစ်ဦး ကျဆုံးခဲ့ရာကနေ တပ်မတော်နဲ့ KNU ဆက်ဆံရေးတင်းမာလာခဲ့ပြီး၊ ဖေဖော်ဝါရီ ပထမအပတ်ထဲမှာပဲ တပ်က KNU ထိန်းချုပ်နယ်မြေထဲကို လက်နက်ကြီး ဒါဇင်နဲ့ချီ ပစ်ခတ်မှုဖြစ်ပေါ်လာပါတယ်။
2020-02-10
ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့် တရုတ်နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ ၉၁၀ ဦး ရှိသွားပါပြီ။
2020-02-10
ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်ဖို့ဆိုရင် နှာခေါင်းစည်းက အဓိကမဟုတ်ဘူးလို့ WHO ပြောလိုက်ပေမယ့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတော်တော်များများမှာ နှာခေါင်းစည်းတွေကို ဝယ်စုတာများလာလို့ ဈေးတွေ အဆမတန်တက်ပြီး ပစ္စည်းပြတ်လတ်တဲ့အထိ ကြုံနေရပါတယ်။
2020-02-10
ဆေးရုံတွေမှာ လူနာကို လူသားဆန်တဲ့စိတ်နဲ့ စောင့်ရှောက်ကုသပေးဖို့၊ ကျန်းမာရေးအသုံးစရိတ် ဘတ်ဂျက်ငွေကို ၁ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ကျောင်းသားပြည်သူ နှစ်ထောင်ကျော် ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2020-02-10
ဆေးခြောက်လျှော်ပင်စိုက်ပျိုးမှုနဲ့ အမေရိကန်နိုင်ငံသားတစ်ဦးနဲ့အတူ တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မရွှန်းလဲ့မြတ်နိုးကို စွဲချက်မတင်ခင်မှာပဲ မြင်းခြံခရိုင်တရားရုံးကနေ တရားရှင်လွတ်လိုက်တယ်လို့ ရှေ့နေဖြစ်တဲ့ ဦးသိန်းသန်းဦးက ပြောပါတယ်။
2020-02-10
မြန်မာ့နိုင်ငံရေးမှာ တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့အခန်းကဏ္ဍကို လျှော့ချထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်တဲ့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ မူကြမ်းတွေအပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းအားလုံးကို တစ်ပေါင်းတည်း ဆွေးနွေးဖို့ ဥပဒေကြမ်းလေ့လာစိစစ်ရေးကော်မတီရဲ့ ဆုံးဖြတ်ချက်ကို တပ်မတော် သားကိုယ်စားလှယ် နှစ်ဦး က ဒီကနေ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
2020-02-10
အမုန်းစကားနဲ့ မွတ်စလင်မုန်းတီးရေးတွေ ပြောဆိုခဲ့တဲ့ မျိုးချစ်ဆိုသူတွေရဲ့ ရန်ကုန် ဆန္ဒပြပွဲကို ဝေဖန်သတင်းရေးသားခဲ့တဲ့ သတင်းတိုက်တွေ ခြိမ်းခြောက်ခံရတာ၊ ဖိအားပေးခံရတာတွေ ကြုံနေရပါတယ်။
2020-02-10
စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအိမ်အကူ မိန်းကလေးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ မနေ့က ဆေးရုံတက်နေရပါတယ်။