သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-03-25
မောင်တောခရိုင် ဆေးရုံအုပ် ဒေါက်တာ နုကေသီစံနဲ့ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်နိုင်လင်းတို့ကို စစ်ကောင်စီက မတ် ၂၅ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-25
ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်မှုထမ်းဖို့စာရင်းကောက်ခံနေတဲ့ စစ်ကောင်စီဝန်ထမ်း ငါးဦးကို မတ်လ ၂၅ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ PDF Zoland အဖွဲ့သတင်းထုတ်ပြန်ပါတယ်။
2024-03-25
စာမေးပွဲဖြေဖို့လာချိန်မှာ ကျောက်ဖြူမြို့ထဲ ဝင်ခွင့်ရပြီး ရွာတွေကိုပြန်ချိန်ကျမှ စက်လှေဆိပ်စောင့် စစ်သားတွေရဲ့ ဖမ်းဆီးခံလိုက်ရတာလို့ ကျောက်ဖြူမြို့ခံတစ်ဦးက ပြောပါတယ်။
2024-03-25
ယူနန်ပြည်နယ်က အထည်ချုပ်စက်ရုံနှစ်ခုမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေထဲက နှစ်ရာကျော်ကို အလုပ်သမားအခွင့်အရေး တောင်းဆိုလို့ဆိုပြီး အလုပ်ထုတ်လိုက်သလို ကိုယ့်ဟာကိုယ်အလုပ်ထွက်တဲ့ပုံစံမျိုး တရုတ်စက်ရုံပိုင်ရှင်တွေက ဖန်တီးပြီး မြန်မာဘက် ပြန်ပို့လိုက်ပါတယ်။
2024-03-25
ချမ်းအေးသာစံမြို့နယ် မန္တလေး ဆေးတက္ကသိုလ်အနီးက ကမ္ဘောဇဘဏ်ခွဲ (၄၆) ကို မတ်လ ၂၅ ရက်မနက် ၁၁ နာရီဝန်းကျင်မှာ အမျိုးသားသုံးဦးက ဓားပြဝင်တိုက်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
2024-03-25
တန့်ဆည်မြို့နယ် ချောင်းရိုးရွာကို စစ်တပ်က မတ် ၂၂ ရက်ကနေ ၂၃ ရက် အထိ နှစ်ရက်ကြာ ဝင်ရောက်စီးနင်းပြီး အမျိုးသားလေးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-03-25
စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ခပ်မြန်မြန် အကောင်အထည်ဖော်နေပြီး စစ်မှုထမ်းဖို့ နိုင်ငံတစ်ဝန်းကလူငယ်တွေကို ဖိအားပေးနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။
2024-03-25
တချို့ကလေးတွေမှာ စာတတ်မြောက်ရေးထက် နေထိုင်ရေးနဲ့ ဝမ်းရေးက ပိုအရေးကြီးနေတာကြောင့် အသေးစားလုပ်ငန်း ဖန်တီးပေးရတာ၊ အိမ်လခ စိုက်ထုတ်ပေးရတာမျိုးတွေလည်း ရှိတယ်လို့ ရေချမ်းစင် အခမဲ့စာသင်ဝိုင်း တည်ထောင်သူက ပြောပါတယ်။
2024-03-25
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ မြန်မာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေကို မတ်လ ၂၅ ရက်က ပေးအပ်ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
2024-03-25
ရွှေဘိုမြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အငယ်တန်းစာရေး ဒေါ်မြမြငြိမ်းဟာ သေနတ်နဲ့ ပစ်သတ်ခံရပါတယ်။
2024-03-25
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးဒုက္ခသည်တွေကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ ကဘော်ချိုင့်ဝှမ်းဒေသ ဗမာပြည်ဒုက္ခသည်များကော်မတီ (BRCK) က တိုက်တွန်းလိုက်ပါတယ်။
2024-03-25
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း ရန်အောင်မြင်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းကို မတ်လ ၂၃ ရက်မှာ သိမ်းယူခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။
2024-03-24
အထွေထွေရွေးကောက်ပွဲကို လုပ်လို့ရနိုင်တဲ့နေရာတွေမှာ ကျင်းပသွားမယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
2024-03-24
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းမြို့မှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ရွာပေါင်းသုံးဆယ်က ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးနေရပါတယ်။
2024-03-24
ကိုဖိုးထူးဟာ အင်္ဂါမစုံတာကလွဲရင် ခြေလက်ကောင်းတဲ့သူတွေနဲ့ယှဉ်ပြီး အလုပ်လုပ်နိုင်တဲ့သူဖြစ်တယ်လို့ အလုပ်သမားခေါင်းဆောင် ဦးမြင့်ဌေးက ပြောပါတယ်။