သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-23
တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် အစိတ်အပိုင်းတွေ ဆယ်ယူရာမှာ တပ်မတော်နဲ့ ပူးပေါင်း ကူညီဆောင် ရွက်ပေးနေတဲ့ ဒလမြို့နယ် အဏ္ဏဝါးမင်းရေငုပ်အဖွဲ့ က ရေငုပ်သမား ဦးစောနောင်ဟာ ဇွန်လ ၂၂ ရက် မနေ့ည ၉ နာရီခွဲမှာ ကွယ်လွန်သွားခဲ့ပါတယ်။
2017-06-23
ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆို ခံထားရတဲ့ The Voice သတင်း စာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံကို ဒီကနေ့ ဗဟန်းတရားရုံးက လေးကြိမ်မြောက် ထပ်မခံပယ်ချလိုက်ပြီး တရားရုံးပြောင်းလဲစစ်ဆေး ဖို့ လျှောက်တင်မှုကိုလည်း ပယ်ချလိုက်ပါတယ်။
2017-06-23
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ ကုန်းချောင်းကြီးကျေးရွာမှာ ထိုင်းကုမ္ပဏီတွေ လုပ်ကိုင်နေတဲ့ ဘန်းချောင်းကျောက် မီးသွေး သတ္တုတွင်းစီမံကိန်းကြောင့် ဒေသခံတွေ ထိခိုက် ခံစားနေရတာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ၁၃၀ ကျော်က ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားလိုက်ပါတယ်။
2017-06-23
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံ ရတဲ့ အမှုမှာ ပါဝင်တဲ့ တရားခံပြေး အောင် ဝင်းခိုင်ကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးတဲ့အ တွက် နောက်ရုံးချိန်းတွေမှာ တရားခံပြေးအမှုကို ဆက်မစစ် ဘဲ လူသတ်မှုကိုစစ်ဆေးဖို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2017-06-23
ခေတ်အဆက်ဆက်ခွင့်ပြုထားတဲ့ စီမံကိန်း လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး အများပြည်သူ ထိခိုက်နစ်နာမှုတွေရှိကြောင်း တင်ပြလာပါရင် ပြန်လည်စိစစ် သွားမယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးမောင်မောင်ဝင်း က ပြောပါတယ်။
2017-06-23
သူနာပြုသားဖွားတွေရဲ့ စားစရိတ်ကို တလမှာ နှစ်သောင်းကျပ်နဲ့ ဝတ်စုံစရိတ်ကို တစ်နှစ်မှာ နှစ်သောင်းကျပ်အထိ တိုးမြှင့်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ်။
2017-06-23
MSF လို့ခေါ်တဲ့ "နယ်စည်းမခြားဆရာဝန်များ" အဖွဲ့က မြန်မာနိုင်ငံမှာ ဆေးဘက်ဆိုင်ရာ အကူအညီတွေ ပေးနေတာ ၂၅ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲတခုကို ပြည်သူ့ရင်ပြင်ထဲက Yangon Gallery ပြခန်းမှာ ပြသနေပါတယ်။
2017-06-23
လူတိုင်းလက်လှမ်းမီတဲ့ အမျိုးသားကျန်းမာရေး အာမခံစနစ်တည်ထောင် ဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သ့ူလွှတ်တော်မှာဇွန်လ ၂၂ရက်နေ့က ဆွေးနွေးပြီး အတည်ပြုလိုက်ပါတယ်။
2017-06-23
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ အစိုးရနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတခုဖြစ်တဲ့ World Vision တို့ ပူးပေါင်းပြီး ကျူးကျော်စာရင်းတွေကို ကောက်ယူနေပါတယ်။
2017-06-22
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေအထက် တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို ပထမ ဆုံး အောင်မြင်ခဲ့တဲ့ မရီစန်းရှီး ကျန်တဲ့သူတွေထဲမှာ ထူးခြားပြီး အခြေခံကောင်းခဲ့တဲ့သူတစ်ယောက်ဖြစ် တယ်လို့ သူမရဲ့ ဆရာ ဦးတင့်ထွန်းနိုင် က ပြောပါ တယ်။
2017-06-22
တရုတ်နိုင်ငံ ဘဏ်တွေက မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက ယာယီပိတ်သိမ်းထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စီးပွားရေနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တရုတ်နိုင်ငံ တာဝန်ရှိသူတွေနဲ့ အခုလ ၁၈ ရက်နေ့က စပြီး ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။
2017-06-22
မြန်မာနိုင်ငံသား လုပ်ငန်းရှင်အတော်များများ တရုတ်ဘဏ်မှာ အပ်နှံထားတဲ့ ငွေစာရင်းတွေကို တရုတ်အာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်က ပိတ် လိုက်ပါတယ်။ ဒီလိုပိတ်တာဟာ တရားမ ဝင် ငွေကြေးတွေကို စစ်ဆေးဖို့ဖြစ်တယ်လို့ တရုတ်ဘက်ကပြောနေပေမဲ့၊ ဒီကိစ္စဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ မညီမျှတဲ့ အခြေနေတွေပေါ်မှာ အခြေခံပြီးဖြစ်လာတာလို့ ကုန်သည်တွေက ပြောပါတယ်။
2017-06-22
ဘတ်စ်ကားအင်ဂျင်တွေတင်ပို့ဖို့ မြန်မာ နိုင်ငံနဲ့ ဆော်ဒီအာရေဗျနိုင်ငံက အမှာ စာတွေရထားတယ်လို့ တရုတ် Yuchai International Limited က မနေ့က ကြေညာပါတယ်။ သူ့ လက်အောက်ခံ Guangxi Yuchai ယန္တရားကုမ္ပဏီထုတ် အင်ဂျင်တွေ အတွက် အမှာရတာလို့ပြောပါတယ်။
2017-06-22
အပိတ်ခံထားရတဲ့ မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ အမြန်ဆုံး ပြန်ဖွင့်ပေးနိုင် ဖို့ တရုတ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံဘက်က ပြောကြားတယ်လို့ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ကပြောပါတယ်။
2017-06-22
ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့ လာဆန်းစစ်သုံး သပ်ရေးကော်မရှင်အနေနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို မပယ်ဖျက်ဘဲ အာမ ခံပေးနိုင်ဖို့နဲ့ ပြစ်ဒဏ်တွေလျော့အောင် ပြင်ဆင်ဖို့အတွက် လွှတ်တော်ကို အကြံပြုစာပေးပို့ထားတယ်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဒေါက်တာအောင်ခင်က ပြောပါတယ်။