သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-25
ရွှေနဲ့ ဒေါ်လာတွေကို ကြိုရောင်းကြိုဝယ် လေပတ်ကား ရောင်းဝယ်သူတွေကို အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနက ခေါ်ယူစစ်ဆေးစုံစမ်းမှု ပြုလုပ်ပြီးနောက် ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာအရောင်းအဝယ် မရှိသလောက် နည်းနေသလို ဒီနေ့ ရွှေဈေးကွက် အရောင်းအဝယ် မဖွင့်သေးတဲ့အတွက် ဈေးနှုန်းမသိရဘူးလို့ မြန်မာနိုင်ငံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထုံ က ပြောပါတယ်။
2018-09-25
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှာ မွတ်စလင်တွေကို ကမန်တိုင်းရင်းသားအမည်နဲ့ မှတ်ပုံတင် ထုတ်ပေးနေတယ် ဆိုပြီး ကန့်ကွက်မှုတွေ ရှိလာတဲ့အတွက် နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောလိုက်ပါတယ်။
2018-09-25
ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာ့တပ်မတော်က အစီအစဉ်ရှိရှိ စနစ်တကျ အကြမ်းဖက်ခဲ့ တာဖြစ်ကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2018-09-25
ရန်ကုန်မြို့ ရွှေဘုံသာလမ်းမှာ ဒေါ်လာနဲ့ ရွှေဈေးကွက်တွေကို တရားမဝင်ဈေးကစားသူ ၃ ဦးကို ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။
2018-09-25
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုမှာ လာဘ်စားခဲ့တယ်လို့ စစ်ဆေးတွေရှိခဲ့တာကြောင့် အဂတိလိုက်စားမှု တိုက်ဖျတ်ရေးကော်မရှင်က တရားစွဲဆိုထားတဲ့ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ ဒီနေ့ ပထမဦးဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2018-09-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်ဖြိုခွင်းမှုကြောင့် သေနတ်ဒဏ်ရာတွေရရှိခဲ့တဲ့ ဒေသခံ ၈ ဦးကို စစ်တွေမြို့နယ် တရားရုံးက မနေ့က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ပြန်လွှတ် ပေးခဲ့ပေမယ့် တစ်ချိန်တည်းမှာပဲ ရဲက ပြန်မလွှတ်ဘဲ ဆက်လက်ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
2018-09-25
အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ လူမှုဘဝ တိုးတက်မြင့်မားရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးနေမျိုးဇင်က သူတို့အသင်းဟာ မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားများအရေးကို အဓိကထား ဆောင်ရွက်နေတဲ့ လူမှုရေးအသင်းဖြစ်ပြီး ညီညွတ်၊ ငြိမ်းချမ်း၊ တိုးတက်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဆောင်ရွက်နေကြောင်း ပြောပါတယ်။
2018-09-24
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လက်မခံကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
2018-09-24
NLD အစိုးရအနေနဲ့ ရခိုင်မြောက်ပိုင်းပြဿနာကို ပြည်တွင်းရေး ပြဿနာအဖြစ် မဖြေရှင်းဘဲ နိုင်ငံတကာ ပါဝင်မှုကို ဖိတ်ခေါ်ခဲ့တဲ့အတွက် ပဋိပက္ခကို မဖြေရှင်းနိုင်ဘဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အရေးယူတဲ့ အဆင့်အထိ ရောက်ရှိလာတယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောလိုက်ပါတယ်။
2018-09-24
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီစည်းကမ်းတွေ တင်းကြပ်တာကို အကြောင်းပြပြီး ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဟာ မနေ့က ပါတီကနေ နုတ်ထွက်သွားပါတယ်။
2018-09-24
ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေး အဆမတန်မြင့်တက်နေသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပါတယ်။ ဒေါ်လာကို တရားမဝင် ဈေးကွက်ဖွင့်ပြီး ရောင်းဝယ်နေသူတွေကြောင့် ဒေါ်လာဈေး ကမောက်ကမ ဖြစ်စေတဲ့အတွက် အစိုးရကလည်း အရေးယူမယ်လို့ ကြေညာခဲ့ပါတယ်။
2018-09-24
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့ မြန်မာကိုအရေးယူဖို့ ကုလသမဂ္ဂမှာတင်သွင်းဖို့ ကြိုးပမ်းမှုတွေဟာ ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေအတွက် သီးခြားဒေသတခု ပေါ်ထွန်းရေးအတွက် ကြိုးပမ်းတာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ဦးဦးလှစောက သုံးသပ်ပါတယ်။
2018-09-24
မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ TNLA တအာင်းလွတ်မြောက်ရေးတပ်မတော်၊ MNDAA ကိုးကန့်တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေးကိစ္စအတွက် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
2018-09-24
လာမယ့် အောက်တိုဘာလဆန်းမှာ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ရက္ခိုင့်တပ်မတော် AA၊ ကိုးကန့် တပ်မတော် MNDAA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ဟာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးသွားဖို့ရှိနေပါတယ်။
2018-09-24
မန္တလေးမြို့မှာ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်က မန္တလေး အမရပူရမြို့မ ရဲစခန်းမှာ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။