သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-23
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့တို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ်ချုပ်ဆိုနိုင်တဲ့ အပေါ် ထောက်ခံကြောင်း ဒေသ ခံပြည်သူတွေနဲ့ အစိုးရဝန်ထမ်းတွေက ဒီကနေ့ ရှမ်းပြည် နယ် တောင်ကြီးနဲ့ လားရှိုးမြို့တွေမှာ ထောက်ခံကြိုဆိုပွဲတွေ ကျင်းပကြပါတယ်။
2015-10-23
အစိုးရစစ်တပ်နဲ့ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA အဖွဲ့တို့အကြား တိုက်ပွဲတွေ ဖြစ်နေတဲ့ မိုင်းရှုးမြို့ နယ်၊ ကျေးသီးမြို့နယ်နဲ့ တန့်ယန်းမြို့နယ်တွေ မှာ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ခေတ္တယာယီ ရပ်ဆိုင်းပေးဖို့ ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့စွဲနဲ့ တင်ပြထားပါတယ်။
2015-10-23
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ရွေးကောက်ပွဲမတိုင် ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်း သားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ထောင်တွင်းမှာ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေပါတယ်။
2015-10-23
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေး အသင်းက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီ အာဏာကို စွန့်လွှတ်ဖို့အတွက် ဦးဆောင် ရေးဆွဲခဲ့တာဖြစ် တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ပြောပါတယ်။
2015-10-23
နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကို ဘယ်ပုံဘယ်နည်း ကျင်းပသလဲဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်း လဲရေး တိုးတက်မှု ရှိမရှိ တိုင်းတာတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ရှားတဲ့ အမေရိကန် အထက် လွှတ်တော်အမတ် Mitch McConnell က ပြောလိုက်ပါတယ်။
2015-10-23
ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးကို သုံးပြီး မွတ်စလင်နဲ့ ရခိုင် တိုင်းရင်းသားတွေ နှစ်ဘက်စလုံး က လက်မခံနိုင်သေးဘဲ လက်တွေ့ လုပ်ဆောင်ဖို့ဆိုရာမှာ လည်း အခက်အခဲတွေ ရှိနေဆဲဖြစ်ကြောင်း ကွဲပြားခြားနားမှု နဲ့ အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDNH) ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ရင်လှိုင် က ပြော ပါတယ်။
2015-10-23
မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ် မှာ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေ ကရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိရှိနိုင်ပြီး နောက်ကွယ် ကနေ ချုပ်ကိုင်ထားတဲ့သူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ အစိုးရဝန်ကြီး ဦးအုန်းမြင့်ပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
2015-10-23
ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ ဌာနချုပ် ရှိတဲ့ ဝမ်ဟိုင်းနဲ့ ၆ မိုင်ကျော်အကွာမှာ ဒီကနေ့မနက်က အစိုးရ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ SSPP/SSAအဖွဲ့က ဗိုလ်မှူးကြီး စိုင်းလကပြော ပါတယ်။
2015-10-23
တောင်သူလယ်သမားအကျိုးစီးပွားကို အကာအကွယ်ပေးနိုင်တဲ့ မြေယာဥပဒေ ပေါ်ပေါက်ရေးနဲ့ တောင်သူလယ်သမား သမဂ္ဂပေါ်ပေါက်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား အကြိုညီလာခံ ကို ရန်ကုန် မြို့ ပြည်လမ်းက ယုဒဿန်ခန်းမမှာ ဒီနေ့ စတင် ကျင်းပနေပါတယ်။
2015-10-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ဒီနေ့မနက်က တာချီလိတ်မြို့က တဆင့် မိုင်းဖြတ်မြို့ မှာ ဟောပြောခဲ့ပါတယ်။
2015-10-23
ကယားပြည်နယ် ဖာဆောင်းမြို့နယ် မော်ချီးဒေသ မှာ မြေပြိုကျခဲ့တာကြောင့် ဒုက္ခသည် စခန်းမှာ နေ ထိုင်သူ ၅၀၀ လောက်ရှိနေပါတယ်။
2015-10-23
ရှမ်းပြည်မြောက်ပိုင်း မိုင်းရှုးမြို့ပေါ်က ရပ်ကွက် ၄ မှာရှိတဲ့ ရှမ်းစာပေနဲ့ယဉ်ကျေးမှု ခန်းမအနီးမှာ မိုင်းဗုံးတစ်လုံး မနေ့ ညနေပိုင်းလောက်က ပေါက်ကွဲခဲ့တဲ့အတွက် ကိုရင်နှစ်ပါးအပါအဝင် ၄ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ မိုင်းထောင် ထားခဲ့သူတွေကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
2015-10-23
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ အောက်တိုဘာလ ၂၂ ရက်၊ ဒီကနေ့ မနက်က ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့ မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-23
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေဟာ ဂန့်ဂေါမြို့နယ် မောက်လင်းကျေးရွာ မှာ အောက်တိုဘာလ ၂၁ ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-10-23
တောင်သူလယ်သမားအကျိုးစီးပွားကိုအကာအကွယ်ပေးနိုင်တဲ့ မြေယာဥပဒေ ပေါ်ပေါက်ရေး နဲ့ တောင်သူလယ်သမားသမဂ္ဂ ပေါ်ပေါက်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသား တောင်သူ လယ်သမား အကြိုညီလာခံကို ရန်ကုန် မြို့ ပြည်လမ်းက ယုဒဿန်ခန်းမမှာ အောက်တိုဘာလ ၂၂ ရက်နေ့ စတင် ကျင်းပနေပါတယ်။