သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-01-15
တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အဓိကရင်းနှီးမြုပ်နှံတဲ့ နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာ တရုတ်ရဲ့ လုပ်လက်စ စီမံကိန်းတွေ အများအပြားရှိသလို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ စီမံကိန်း တွေကလည်း အများအပြားရှိနေပါတယ်။
2020-01-15
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသ မှာ အခုနှစ်ဆန်းပိုင်းမှာပဲ သေဆုံးထိခိုက် ဒဏ်ရာရသူဟာ ၂၀ လောက်အထိ ရှိခဲ့ပါတယ်။
2020-01-15
ရှမ်းပြည်နယ်တွင်းက မူးယစ်ဆေးဝါးပြဿနာ အမြန်ဆုံးဖြေရှင်းဖို့ စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တင်ပြအတည်ပြုနိုင်ဖို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS က ဦးဆောင်ပြီး ပြည်တွင်းပြည်ပက ရှမ်းလူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ ကြပါတယ်။
2020-01-15
ဖက်ဒရယ်စနစ်ဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးစုပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုအပေါ် အခြေခံတဲ့ တိုးတက်ရေးကို ရေရှည်ထိန်းသိမ်းနိုင်မှာ ဖြစ်တာကြောင့် ဖက်ဒရယ် စနစ်ကို ဦးတည်တာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
2020-01-14
ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း တပ်မတော်ဘက်က အရာရှိတွေကျတဲ့ ဗီဒီယိုဖိုင်တစ်ခုပျံ့နှံ့ခဲ့သလို၊ တိုက်ပွဲကျတဲ့သတင်းကို ဆွေမျိုးတော်စပ်သူတွေက လူမှုကွန်ရက်ပေါ်မှာ တင်လာကြပါတယ်။
2020-01-14
အရင်ကရှိထားတဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖျက်သိမ်းပြီး၊ တိုးချဲ့ထားတဲ့ အဖွဲ့ဝင်သစ်တွေနဲ့ ထပ်မံဖွဲ့စည်းခဲ့ကြောင်း အစိုးရက ဇန်နဝါရီလ ၁၄ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2020-01-14
တရုတ် နဲ့ မြန်မာ သံတမန်ဆက်ဆံရေးစတင်လာခဲ့တာ အခု နှစ် ၇ဝ ပြည့်လာခဲ့ပါပြီ။ နေပြည်တော်မှာ ဒီသီတင်းပတ်မှာကျင်းပမယ့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၇ဝ ပြည့် အခမ်းအနားကိုတက်ရောက်ဖို့ တရုတ်သမ္မတ ရှီကျင်းပင်လည်း မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။
2020-01-14
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြံပြုတင်ပြထားတဲ့ အချက်ပေါင်း ၃၇၆၀ ကျော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ အပြီးသတ် မဲခွဲဆုံးဖြတ်ခဲ့ပြီး ဥပဒေမူကြမ်းနှစ်ခုကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်ကို တင်ပြတော့မှာ ဖြစ်ပါတယ်။
2020-01-14
အခြေခံပညာကျောင်းတွေရဲ့ စာသင်ကာလကို မတ်လအထိ တိုးမြှင့်လိုက်တဲ့အပြင် စာမေးပွဲကာလ ပြောင်းလဲ လိုက်တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ လူစည်ကားရာ နေရာတွေမှာ ပြည်သူတွေရဲ့ အသံတွေကို စုစည်းတာနဲ့ ဆရာ/ဆရာမတွေရဲ့ ကန့်ကွက်လက်မှတ်တွေ စုစည်းတဲ့ လှုပ်ရှားမှုကို ဇန်နဝါရီလ ၁၄ ရက်နေ့ ကနေ ၂၄ ရက်နေ့ အထိ ၁၀ ရက်တာ လှုပ်ရှားမှုအနေနဲ့ ဒီနေ့ စတင်လိုက်ကြောင်း ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
2020-01-14
မနက်ဖြန်မှာ ကျရောက်မယ့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ ကရင်နီလူငယ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။
2020-01-14
ဗစ်တိုးရီးယားအမှုမှာ ရဲကျင့်ဝတ် ချိုးဖောက်ပြီး နစ်နာသူရဲ့အမည်ကို ထုတ်ပြောခဲ့တဲ့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို တရားစွဲဆို အရေးယူဆောင်ရွက်ခွင့်ပြုဖို့ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံကို ဒီကနေ့မှာ ကြိုတင်ခွင့်ပြုမိန့် တောင်းခံလိုက်ပါတယ်။
2020-01-14
တစ်လကျော်ကြာ ဆန္ဒပြခဲ့ကြတဲ့ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် ဟွာမှုံအထည်ချုပ်စက်ရုံက ဆန္ဒပြအလုပ်သမား ၅၀၀ ကျော်ဟာ စက်ရုံတာဝန်ရှိသူတွေနဲ့ နှစ်ဘက်သဘောတူညီမှု ရသွားတာကြောင့် ဒီနေ့မနက်မှာ အလုပ်ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
2020-01-14
မန္တလေးတက္ကသိုလ်အတွင်းမှာ Food Court ဖွင့်လှစ်ဖို့ တင်ဒါခေါ်ယူခြင်းမရှိဘဲ ခွင့်ပြုခဲ့တဲ့ ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ဒီနေ့အထိ ဆက်လက်သပိတ် မှောက်ဆန္ဒပြနေပါတယ်။
2020-01-13
ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ လုပ်ငန်းတွေမှာ ကူညီလိုတဲ့ ပြည်ပရောက် အတတ်ပညာရှင်တွေနဲ့ နိုင်ငံသားတွေ မိမိနိုင်ငံကိုပြန်လာကြဖို့ မြန်မာအစိုးရက ဇန်နဝါရီ ၁၃ ရက်နေ့မှာ ဖိတ်ခေါ်ထားပါတယ်။
2020-01-13
ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားဟောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေအနေနဲ့ မြန်မာနိုင်ငံအတွက် ကူညီပံ့ပိုးချင်တယ်ဆိုရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကတဆင့် ဆက်သွယ်ကြဖို့ မြန်မာအစိုးရက ဖိတ်ခေါ်လိုက်ပါတယ်။