သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-18
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ကော်မတီနဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ မနေ့မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီပူးတွဲကြေညာချက်နဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2014-02-17
လက်ပံတောင်းတောင်ဒေသကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ဒေသခံ ၅ ဦးနဲ့ မုံရွာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
2014-02-17
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စ တာ သောမတ်ကင်တားနားကို လက်ပံတောင်းတောင် ဒေ သခံတွေက ဒေသအတွင်း လူ့အခွင့်အရေး ချိုးဖေါက်ခံရ မူတွေနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ တင်ပြခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ရသူတွေ က ပြောပါတယ်။
2014-02-17
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားဟာ စစ်ကိုင်းတိုင်း မုံရွာမြို့က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာကို ဒီနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေအနေနဲ့ မစ္စတာကင်တားနားကို သူတို့ရဲ့အခက်အခဲတွေကို တင်ပြနိုင်ဖို့ မျှော်လင့်နေကြတယ်လို့ သိရပါတယ်။
2014-02-17
တိုင်းရင်းသားလူမျိုးတွေရဲ့ စိုးရိမ် ပူပန်မှုတွေကို ဖြေရှင်းပြီးမှသာ ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူဖို့နဲ့ ဗဟို သန်းခေါင်စာရင်း ကော်မရှင်အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တချိန်တည်း တပြိုင်တည်း တွေ့ ဆုံဆွေးနွေးပေးဖို့ တိုင်းရင်းသားအဖွဲ့အစည်း ၂၁ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2014-02-17
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ဖျက်သိမ်းခံလိုက်ရတဲ့ သမီးလေးကျေးရွာ က ကျောင်းသားမရှိတဲ့ အိမ်ထောင်စုတွေ ကို လောလောဆယ် ခိုလှုံနေတဲ့နေရာက ဒီနေ့မဖယ်ရှားရင် မနက်ဖြန်မှာ အာဏာပိုင်တွေကိုယ်တိုင်လာဖယ်ရှားတဲ့အခါ မလိုလားအပ်တဲ့ ပြဿနာပေါ်ပေါက်မယ်ဆိုတဲ့အတွက် ယာယီတဲတွေကို ဒီနေ့ ဖျက်သိမ်းလိုက်ရပါတယ်။
2014-02-17
ရခိုင်ပြည်နယ်မှာ ကျန်းမာရေး အကူအညီတွေပေးနေတဲ့ MSF ခေါ် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်အတွင်းကနေ ဖယ်ရှားပေးဖို့ စစ်တွေမြို့ ရပ်မိရပ်ဖတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ စုပေါင်းပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ ဒီနေ့ စာရေးသားတောင်းဆိုလိုက်ကြပါတယ်။
2014-02-17
ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ အရေးနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ကို ဒီနေ့ မြစ်ကြီးနားမြို့က မထွက်ခွာခင် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးလိုက်ပါတယ်။
2014-02-17
တနင်္သာရီတိုင်းဒေသကြီးမှာ သဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်မီးရရှိနိုင်ဖို့ မြို့နယ်တွေမှာ ထောက်ခံကြောင်း လက်မှတ်တွေ စုဆောင်းကောက်ယူပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်ပြသွားမယ်လို့ ထားဝယ်ဒေသ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-02-17
တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေး နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်တွေကို အချိန်မဆွဲဘဲ ထုတ်ပြန်ပေး ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီးကို တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-02-17
ပြည်သူတွေက ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် နိုင်ရေးအတွက် လွှတ်တော်အတွင်းမှာ ဆွေးနွေးကြဖို့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ ဒေသခံ ရာကဏန်းဝန်းကျင်က တနင်္ဂနွေနေ့က တောင်းဆိုခဲ့ကြ ပါတယ်။
2014-02-17
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာ က အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ကို သူတို့ဆန္ဒရှိရင် ကရင်ပြည်နယ်ကို ခေါ်ဆောင်သွားမယ် လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA စစ်ဗျူဟာမှူးက ပြောဆိုခဲ့ကြောင်း သိရပါတယ်။
2014-02-16
မန္တလေးမြို့မျက်ပါးရပ်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ညက ကျင်းပတဲ့ စာပေဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက အစ္စလာမ်ဘာသာဝင် ကိုမြအေး ဟောပြောမယ့်အစီအစဉ်ကို သံဃာတော်တချို့က ကန့်ကွက်ခဲ့ကြတဲ့အတွက် ဟောပြောသူ ပြောင်းလဲခဲ့ရပါတယ်။
2014-02-16
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ အမျိုးသားဒီမိုကရေစီနဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2014-02-16
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာ က အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။