သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-22
ထောင်ဒဏ် ၁ နှစ်ကျခံနေရတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေကို လွှတ်ပေးဖို့အတွက် လာမယ့်ဧပြီလ ၂၅ ရက်နေ့မှာ ပြည်၊ မော်လမြိုင်နဲ့ မကွေးမြို့တွေမှာ နယ်သတင်းထောက်တွေက ဆန္ဒပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။
2014-04-22
မြန်မာ့စစ်တပ်အနေနဲ့ စစ်အာဏာရှင်စနစ် ကို အဆုံးသတ်ဖို့ စစ်တပ်ကိုယ်တိုင်က ဦးဆောင် စတင်ဆောင်ရွက် ခဲ့တာ ဖြစ်သလို ပြုပြင်ပြောင်း လဲရေးတည်ငြိမ်အေး ချမ်းစွာအကောင်ထည်ဖော်နိုင်ဖို့ စစ်တပ်အနေနဲ့ ဆက်လက်ပြီး အရပ်သား လုပ်ငန်းတွေ ကနေ နေရာဖယ်ပေးဖို့ လိုအပ်ကြောင်း ဥရောပ အခြေစိုက် နိုင်ငံတကာပဋိပက ္ခများ လေ့လာစောင့် ကြည့်ရေးအဖွဲ့ ICG က မူဝါဒရေးရာ အစီရင်ခံစာတစောင် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-04-22
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အမေရိကန်နိုင်ငံအနေနဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ဆောင်ရွက်ပေးဖို့ KIA ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က တိုက်တွန်းလိုက် ပါတယ်။
2014-04-22
ကချင်ပြည်နယ်တောင်ပိုင်း မန်ဝိန်း ကြီးဒေသမှာ မကြာခင်က ဖြစ်ပွားခဲ့ တဲ့မြန်မာအစိုးရ တပ်နဲ့ ကေအိုင်အေ ကချင် လွတ်မြောက်ရေးတပ်တွေ အကြား တိုက်ပွဲတွေကြောင့်ဒေ သတွင်း ကျေးရွာတွေက ကလေး သူငယ် ၁၀၀၀ နီးပါး အပါအဝင် ပြည်သူထောင်ပေါင်းများစွာ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးတိမ်းရှောင်နေ ရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ ယူနီဆက် က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2014-04-22
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် မကွယ်လွန်ခင် ကိုယ်တိုင်ပြောပြခဲ့တဲ့ သူ့ရဲ့သတင်းစာဆရာဘဝ၊ နိုင်ငံရေးသမား ဘဝ ဖြတ်သန်းမှုနဲ့ ခံယူရပ်တည်ချက်အကြောင်း RFA အဖွဲ့သား ကိုကျော်ကျော်အောင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
2014-04-21
၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံး ကြတဲ့အခါ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ဝင်ရောက်အရွေးချယ်ခံတဲ့ ကိုယ်စားလှယ်လောင်းတွေကိုသာ ဟောပြောခွင့်ပြုမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့တဲ့ သတင်းနဲ့ ဆက်စပ်ပြီး NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ NNDP အမျိုးသား ဒီမိုကရေစီပါတီသစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင် တို့နဲ့ ဆွေးနွေးထားပါတယ်။
2014-04-21
အစိုးရနဲ့ KIA တပ်ဖွဲ့များ အခုတလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲမှာ အသာစီးရဘို့ အစိုးရဘက်က ရည်ရွယ်နေတယ်လို့ အမေရိကန် ပြည်ထောင်စုမှာ ခေတ္တ ရောက်ရှိနေတဲ့ KIA ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ပြောပါတယ်။
2014-04-21
မြန်မာနိုင်ငံမှာ ကိုယ်ကျိုးမကြည့်ပဲ အများကောင်းကျိုးအတွက် အနစ်အနာခံ ဆောင်ရွက်တဲ့ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူတွေ အဖွဲ့အစည်းတွေကို ရွေးချယ် ချီးမြှင့် တဲ့ ပြည်သူ့ဂုဏ်ရည် ဆု အတွက် အဆိုပြုလွှာတွေ တင်သွင်းရက်ဟာ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
2014-04-21
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် အသက် (၈၅) နှစ်ဟာ ဒီကနေ့မနက် ၆ နာရီခွဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ကွယ်လွန်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-04-21
ဒီနေ့မနက်ပိုင်းက ကွယ်လွန်သွားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်အတွက် အောက်မေ့ဘွယ်အခမ်းအနားကို ရန်ကုန်မြို့ ပြည်လမ်းက ယုဒသန် ရိပ်သာမှာ ဒီနေ့ကစပြီး လာမယ့် ဧပြီလ ၂၃ ရက်နေ့အထိ ပြုလုပ်နေပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2014-04-21
ကွယ်လွန်သွားပြီဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်- သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ မြန်မာ့နိုင်ငံရေးရဲ့ ပဲ့ကိုင်တစ်ဦးဖြစ်တယ်လို့ ၈၈ မျိုးဆက် (ပွင့်လင်းလူ့အဖွဲ့အစည်း) ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က ပြောပါတယ်။
2014-04-21
ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင်ရဲ့ ဈာပနအခမ်းအနားကို ရေဝေးသုဿန်မှာ လာမယ့် ဧပြီလ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီကနေ ညနေ ၅ နာရီအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆရာကြီးဦးဝင်းတင် ဈာပနအခမ်းအနားကို ပူးတွဲတာဝန်ယူနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူကို ကျမတို့ အဖွဲ့သား ကိုဝင်းနိုင်က ရေဝေးသုဿန်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2014-04-21
ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီ မြစ်ဆုံအနီးက တန်ဖဲကျေးရွာအထိ လမ်းလျှောက်တောင်းဆိုကြသူတွေဟာ ဒီကနေ့ မန္တလေးတိုင်း မတ္တရာ မြို့နယ်ကို ရောက်ရှိနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-04-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဆရာကြီး ဦးဝင်းတင် ကွယ်လွန်သွားတာဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ် တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ဒီနေ့ အောက်မေ့ဘွယ် အခမ်းအနားမှာ သတင်းထောက်တွေကို ပြောပါတယ်။
2014-04-21
တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနရဲ့ ဖိတ်ကြားချက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းမြင့် ဦးဆောင်တဲ့ ၁၂ ဦးအဖွဲ့ဟာ ဒီနေ့ တရုတ်ပြည်ကို ထွက်ခွာသွားပါတယ်။