သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-22
စက်မှုဇုန်အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ နှုန်းထားသတ်မှတ်နိုင်ဖို့ အစိုးရက အလုပ်သမားတစ်ဦး နေ့စဉ်ကုန်ကျစရိတ်စစ်တမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
2015-04-22
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းပေါ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2015-04-21
နယူးယောက်အခြေစိုက် CPJ ခေါ် သတင်းထောက်များ ကာကွယ်ရေးကော် မတီအဖွဲ့က ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်မှု အကင်းမဲ့ဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းကို နှစ်စဉ် ထုတ်ပြန်နေရာမှာ၊ ဒီနှစ်အတွက် ထုတ်ပြန်တဲ့စာရင်း မှာ မြန်မာနိုင်ငံလည်း အရင်ကလို ထိပ်ဆုံးက မဟုတ်တော့ပေမဲ့ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။
2015-04-21
၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကို ဆန်တင် ပို့မှု ပမာဏဟာ တန်ချိန် နှစ်သန်းနီးပါးရှိ ခဲ့လို့၊ ၄၀ ရာနှုန်းမြင့်တက်ခဲ့တယ် လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောဆိုကြောင်း တရုတ်ဆင်ဝှာသတင်း က ဖေါ်ပြပါတယ်။
2015-04-21
ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့က မီးလောင်ခဲ့တဲ့ ထိုင်း မြန်မာနယ်စပ် ကရင်နီဒုက္ခသည် စခန်းအမှတ် (၁) က မီးဘေးဒုက္ခသည်တွေ အတွက် နေအိမ်တွေ ပြန်လည်ဆောက်လုပ်ဖို့ သစ်ဝါးအကူ အညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ သိရပါတယ်။
2015-04-21
ကချင်ပြည်နယ် တနိုင်းမြို့နယ် ကောင် ရာကျေးရွာအနီးမှာ တနိုင်းအခြေ စိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ် ဒကစ လက်အောက်ခံတပ်တွေနဲ့ ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံတပ်တို့ မနေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေ ပါတယ်။
2015-04-21
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် စားနပ် ရိက္ခာတွေ သွားရောက်ကူညီတဲ့အဖွဲ့ကို ကျော်တော်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတပ်မတော်စစ်ကြောင်းက တားမြစ်ခဲ့ပါတယ်။
2015-04-21
အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့အတွက် အစိုးရက မြို့နယ်ပေါင်းတစ်ရာကျော်မှာ လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှကုန်ကျစရိတ်ကို စစ်တမ်းကောက်ယူခဲ့ရာမှာ အလုပ်သမားတွေဖက်က တင်ပြထားတဲ့ တစ်ရက်ကုန်ကျစားရိတ်နဲ့ ကျပ်တစ်ထောင့်ငါးရာလောက် ကွာဟနေကြောင်း သိရပါတယ်။
2015-04-21
လူတိုင်းအတွက် စံနမူနာယူထိုက်သူ ဟံသာဝတီ ဦးဝင်းတင်ကို ဒီမိုကရေစီ ရဲဘော်အဖြစ် ဂုဏ်ပြု လိုကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။
2015-04-21
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီး မြို့နယ် မိုးကြိုးပြင်အလယ် ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးမှုကို ဆားလင်းကြီး မြို့မ ရဲစခန်းက ဒုရဲမှူးသန်းနိုင်က တရားလိုလုပ်ပြီး လူသတ်မှု နဲ့ အမှုဖွင့်လိုက်ပါတယ်။
2015-04-21
၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာချုပ် ပန်ဆန်းမြို့မှာ လာမယ့် မေလ ၁ ရက်နေ့မှာ စတင်ကျင်းပမယ့် ညီလာခံ ဟာ အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တိုင်းရင်းသားအဖွဲ့တွေ ရဲ့ ညီလာခံမဟုတ်ကြောင်း ကချင် လွတ်မြောက်ရေးတပ်မတော် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။
2015-04-21
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့အနီး တဝိုက်မှာ ပြီးခဲ့တဲ ဖေဖော်ဝါရီလက စတင်ဖြစ်ပွား ခဲ့တဲ့ အစိုးရတပ်မတော်နဲ့ ကိုးကန့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို လောက်ကိုင်မြို့မှာ ပြန် လည်နေရာချထားပေးဖို့ ပြင်ဆင်နေပါတယ်။
2015-04-21
သြင်္ကန်မတိုင်ခင် ဧပြီလဆန်းလောက်ကစတင်ပြီး ဆန်နဲ့ ဆီ စတဲ့ အခြေခံစားသောက် ကုန်ဈေးတွေ မြင့်တက်နေတာဟာ ဒီနေ့ ထိ ဈေးပြန် ကျတာမရှိသေးကြောင်း စားသုံးသူတွေနဲ့ ဝယ်ယူရောင်းချသူတွေက ပြောပါတယ်။
2015-04-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လာမယ့်မေလအတွင်းမှာ ပြည်လုံး ကျွတ် ဆန္ဒခံယူပွဲကျင်းပဖို့ ပြည်ထောင်စု လွှတ်တော်က ကြေညာထားရာမှာ မဖြစ်နိုင် တော့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောကြပါတယ်။
2015-04-21
ရန်ကုန် ရွှေပြည်သာ စက်မှုဇုန် ၃ က အလုပ် သမားတွေက ဖမ်းဆီးခံရတဲ့ အလုပ် သမား ခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် ဧပြီလ ၂ဝ ရက် ဒီကနေ့ ဆုတောင်းပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။