သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-12
ကပ်ဘေးကာလ ခပ်ခွာခွာနေကြဖို့ ညွှန်ကြားထားချိန်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ လူစုလူဝေးနဲ့ ဘာသာရေး အခမ်းအနားပြုလုပ်ခဲ့လို့ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
2020-06-12
တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ သုံးဦးကို ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်တရားရုံးက ဒီနေ့ ဇွန် ၁၂ ရက်နေ့မှာ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်ပါတယ်။
2020-06-12
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့အခါ လူမျိုးရေး၊ ဘာသာရေး မခွဲခြားဘဲ ရွေးချယ်သင့်တယ်လို့ နိုင်ငံရေးပါတီတချို့နဲ့ လူမှုအဖွဲ့အစည်းတွေက ပြောကြ ပါတယ်။
2020-06-11
မြန်မာအစိုးရရဲ့ ဇွန်လ ၁၁ ရက် မနေ့ညက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ နောက်ထပ် ၁၁ ဦး တွေ့ရှိရတဲ့အတွက် စုစုပေါင်း အတည်ပြုလူနာ ၂၆ဝ ရှိပြီဖြစ်ပါတယ်။
2020-06-11
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ... ရခိုင်အမျိုးသားပါတီ၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကို RFA- ၀ိုင်းတော်သူ မသက်စုအောင် က၊ ရသေ့တောင် မဲဆန္ဒနယ်မြေမှာ ကိုရိုနာဗိုင်းရပ်ကာကွယ်ရေး ဆောင်ရွက်နေတဲ့ အခြေအနေ၊ တွေ့ကြုံရတဲ့ အခက်အခဲ၊ စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အလားအလာ ရှိမရှိ စတာတွေကို အွန်လိုင်းကတဆင့် ဆက်သွယ်မေးမြန်း တင်ဆက်ထားပါတယ်။
2020-06-11
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ "ပြည်ပချေးငွေများနဲ့ မြန်မာပြည် - စီးပွားရေးပန်းတိုင်ကို ရောက်အောင် သွားနိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေး ထားပါတယ်။
2020-06-11
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့မှာ ဒီနေ့မနက်က ဈေးလာဝယ်တဲ့ တပ်မတော်အရာရှိတစ်ဦးကို အေအေအဖွဲ့က ဓားနဲ့ထိုးပြီး သူနဲ့အတူပါလာတဲ့ တပ်မတော်သားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2020-06-11
ရန်ကုန်မြို့မှာ ဘတ်စ်ကားစီးသူ နေ့စဉ် သိန်းနဲ့ချီ ရှိနေပါတယ်။ ဒီလဆန်းပိုင်း လမ်းကြောင်းပြောင်းပြန် မောင်းလာတဲ့ ဘတ်စ်ကား တစ်စီးကြောင့် လူ သုံးယောက် သေဆုံးခဲ့ပြီးနောက် ဒီလိုအဖြစ်တွေ ထပ်မဖြစ်အောင် စည်းကမ်းတင်းကြပ်ဖို့ ခရီးသည်တွေက လိုလားကြပါတယ်။
2020-06-11
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးလို အလုပ်တာဝန် မျိုးကို အများစုက အမျိုးသားတွေရဲ့ တာဝန်လို့ အများက ယူဆတတ်ကြပါတယ်။ ချင်းပြည်နယ်(ဖလမ်းမြို့နယ်) ဗားလုံကျေးရွာမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ဒေါ်ထောင်းနောန်ကတော့ ရာအိမ်မှူး တာဝန်ယူထားပါတယ်။
2020-06-11
RFA ပေးစာ ပြန်စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
2020-06-11
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့က အက်ဆစ်နဲ့ အပက်ခံရခဲ့ရတဲ့ဖြစ်စဉ်အတွက် အဓိကကျတဲ့ အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတဲ့အမှုဟာ ဖြစ်စဉ်စဖြစ်တဲ့နေ့ကနေ ရှစ်လနီးပါးကြာတဲ့ ဒီနေ့အချိန်အထိ တရားခံကိုလည်း မမိသေးသလို အသစ်ရောက်ရှိလာတဲ့ ရဲအရာရှိက အမှုကို ပြန်လည် စုံစမ်း စစ်ဆေးနေပြီလို့ ပြောပါတယ်။
2020-06-10
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) နဲ့ တရားစွဲခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က လူငယ် ၃ ဦးကို ဖျာပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ မနေ့က ချမှတ်ခဲ့တဲ့အတွက် မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါတယ်။
2020-06-10
တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မနေ့တုန်းက လည်း မင်းပြားမြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲ ကြောင့် ရွာသူရွာသား ခြောက်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2020-06-10
ပြီးခဲ့တဲ့နှစ်က ဂမ်ဘီယာနိုင်ငံဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာနိုင်ငံကို ICJ နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုပြီး ရုံးတင်စစ်ဆေးနိုင်ခဲ့ တာဟာ အပြုသဘောဆောင်တဲ့ အောင်မြင်မှု တစ်ခုဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မိုက်ခ် ပွန်ပီယိုက မနေ့က ပြုလုပ်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2020-06-10
သတင်းအမှားတွေကို ချေဖျက်ဖို့အတွက် Facebook ကို သုံးသွားမယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ ပြောကြားချက်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက သံသယရှိနေပါတယ်။ နိုင်ငံတကာဖိအားတွေများလာချိန်မှာ ပြည်တွင်း ထောက်ခံမှုရအောင် ဝါဒဖြန့်ဖို့ မြန်မာစစ်တပ်ကအသုံးပြုတာလို့ ပြောဆိုခဲ့ကြတာပါ။