သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-22
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် လွှတ်တော်အသစ်မှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေ ကို တိုင်ပင်ဖို့အတွက် UNA အစည်းဝေးကို ဒီဇင်ဘာ လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2015-12-22
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူကို တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်း ဥပဒေအရ ဆောင်ရွက်ခဲ့တာတွေကို အကြောင်းပြုပြီး အရေယူခြင်းမပြုဖို့နဲ့ သမ္မတဟောင်းအတွက် ကိုယ်ရံတော်တပ်ဖွဲ့ ထားရှိပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို အများပြည်သူလေ့လာအကြံပြုနိုင်ဖို့ အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
2015-12-22
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချသုံးစွဲမှုတွေ များနေတဲ့အတွက် လူငယ်အဖွဲ့အစည်းတွေက ဒီကနေ့ တောင်ကြီးမြို့မှာ ငြိမ်းချမ်းရေး၊ ပဋိပက္ခနဲ့ မူးယစ်ဆေးဝါးပြဿနာလို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။
2015-12-22
တအာင်း - ပလောင်တိုင်းရင်းသားတွေရဲ့ တအာင်းသက္ကရာဇ် ၂၇ဝ၇ ခုနှစ်ကို ကြိုဆိုပွဲနဲ့ မင်္ဂလာစည်တော် ပင့်ဆောင်ပွဲကို လားရှိုးမြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။
2015-12-22
ပထမဆုံးအကြိမ် ကရင်နီပြည်နယ်လုံးဆိုင်ရာ ညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ ငါးရက်ကြာ ကျင်းပခဲ့ပါတယ်။
2015-12-22
ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနဲ့ သုံးစွဲမှုတွေ များနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး "ငြိမ်းချမ်းရေး၊ ပဋိပက္ခနဲ့ မူးယစ်ဆေးဝါး ပြဿနာ" လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတခုကို တောင်ကြီးမြို့မှာ ဒီဇင်ဘာလ ၂ဝ ရက်နေ့ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2015-12-22
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်မြန်မာပြည်) အကြိုညီလာခံကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ ကျင်းပနေပါတယ်။
2015-12-22
ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ပါဝင်ကူညီခဲ့တဲ့ ဆိုက်ကား အနှေးယာဉ်လုပ်သားတွေနဲ့ လာမယ့် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2015-12-22
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ "လူငယ်စင်တာ" အဖွဲ့ဝင်တွေနဲ့ နေပြည်တော် လွှတ်တော်ဝင်းအတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-21
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ထဲက သစ်တောမြေတွေကို အကွက်ချရောင်းချနေတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စစ်ဆေးနေပြီး ဒီကနေ့မှာ ဒေသခံ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ဖြစ်တဲ့ စိမ်းလန်းပြင်ဦးလွင်အဖွဲ့နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2015-12-21
၂၀၁၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆရာဆု (Global Teacher Prize) ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အတွက် ပြုပြင်ပြောင်းလဲ သင်ကြားတဲ့စံနစ်တွေကို မီဒီယာတွေကတဆင့်သိပြီး တိုင်းပြည်ရဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ စိတ်ကူးတွေ ရလာနိုင်တယ်လို့ မျှော်လင့်ကြောင်း မန္တလေး ဖောင်တော်ဦး ပရဟိတ ကျောင်းတိုက်ဆရာတော် ဦးနာယက က မိန့်ကြားပါတယ်။
2015-12-21
ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့အမှုမှာ တရားခံအဖြစ် စွပ်စွဲခံနေရတဲ့ မြန်မာနိုင်ငံသား ၂ဦးရဲ့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေအဖွဲ့က အမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
2015-12-21
မဲဆွယ်စည်းရုံးရေးကာလမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီး က ဆိုက်ကားသမားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမယ့်ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
2015-12-21
ကချင်ပြည်နယ် ဖားကန့်ဒေသ က ကျောက်စိမ်းတွင်းတွေအရေးနဲ့ ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်ထောင်စု လွှတ်တော်မှာ အမြန်ဆုံးလာရောက်ရှင်းလင်းဖို့ ပြည်ထောင် စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ သဝဏ်လွှာတစ်ရပ် ဒီကနေ့ရက်စွဲနဲ့ ပေးပို့ လိုက်ပါတယ်။
2015-12-21
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ တင်သွင်းခဲ့ ပါတယ်။