သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-15
ဧရာဝတီတိုင်း ဟသာၤတမြို့နယ်က လယ်သမားတွေ နဲ့ တက်ကြွလှုပ်ရှားသူ ၈ဝ လောက်ဟာ ဟင်္သာတမြို့ နယ်မှာ တရားဥပဒေစိုးမိုးရေး ရှိဖို့ဆိုပြီး ဟသာၤတ မြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2015-10-15
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ဒေသခံတွေ အများဆုံး မေးမြန်းကြတာဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေဖြစ်တယ်လို့ စည်းရုံးရေးဆင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
2015-10-15
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မဲဆန္ဒနယ်ဟာ ကျားခေါင်း-ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျားဖြူ-ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ အားကောင်းတဲ့နေရာလို့ ပြောကြပါတယ်။
2015-10-15
KNCD- ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီဟာ မြစ်ကြီးနားမြို့ မနောအားကစားကွင်းမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-15
ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံလူထု မိတ်ဆက်တဲ့ အခမ်းအနားကို လားရှိုးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-10-15
အခုဆက်ပြီး တွေ့ဆုံမေးမြန်းချက်တစ်ခုကို ထုတ်လွှင့်ပေးမှာပါ။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ရှေ့နေဦးကိုနီ ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-15
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို RFA က ထုတ်လွှင့်ပေးနေပါတယ်။အခု ထုတ်လွှင့်ပေးမှာကတော့ ရခိုင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
2015-10-15
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဓါတ်ပုံပေါ်မှာ ဖိနပ်နဲ့ နင်းထားတဲ့ပုံကို ဖေ့ဘွတ်လူမှုရေး စာမျက်နှာမှာ ထပ်ဆင့်ဝေငှထားလို့ဆိုပြီး ရန်ကုန်မြို့က ကချင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဦးပက်ထရစ်ခွန်ဂျာလီ ကို လှိုင်မြို့နယ်ရဲစခန်း တာဝန်ရှိသူတွေက မနေ့က အောက်တို ဘာလ ၁၄ ရက်နေ့ ညနေ ၇ နာရီကျော်လောက်မှာ နေအိမ် ကနေဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
2015-10-15
တောင်ကိုရီးယားနိုင်ငံမှ ကြိုတင်မဲပေး မယ့်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင် ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် တစ်မြို့နယ်လုံးရဲ့စာရင်း ပါမလာကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်တွေကပြောပါတယ်။
2015-10-14
နိုင်ငံရေးပါတီတွေ ကိုကိုးကျွန်းကို သွားရောက်ပြီး မဲဆွယ်စည်းရုံးဖို့အတွက် လိုအပ်ချက်တွေကို စီစဉ်ပေးဖို့ နိုင်ငံတော်အစိုးရဆီကို စာရေးသားတင်ပြလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက RFA ကို ပြောပါတယ်။
2015-10-14
ကာကွယ်ရေးဦးစီးချုပ်ကို လူမူရေးကွန်ရက် FB စာမျက်နှာကနေ သိက္ခာချတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ အောက်တိုဘာလ ၁၃ ရက်နေ့က အဖမ်းခံရတဲ့ မအူပင်မြို့က မချောစန္ဒီထွန်းကို အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူထားရာက နောက်ထပ် အသရေဖျက်မူ (ပုဒ်မ ၅ဝဝ) ထပ်တိုးလိုက်တယ်လို့ မနေ့က သမီးဖြစ်သူကို မအူပင်ထောင်မှာသွားတွေ့စဉ်က မချောစန္ဒီထွန်းက ပြောဆိုကြောင်း မိခင် ဒေါ်အိစံက RFA ကိုပြောပါတယ်။
2015-10-14
လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ အနေနဲ့ မဲပေးရုံနဲ့ မပြီးဘဲ မဲမသမာမှုတွေ ကို စောင့်ကြည့်ပြီး ဖော်ထုတ်တိုင်ကြားရ မယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် က ပြော ပါတယ်။
2015-10-14
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် မှာ မိုးကြီးပြီး မူးမြစ်ရေတက်လာ တာကြောင့် မြစ်ကမ်းတစ်လျှောက်က အိမ်ခြေ ၂ဝဝဝ ကျော် ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
2015-10-14
ပြီးခဲ့တဲ့ဇူလိုင်လကစပြီး ရန်ကုန်တိုင်းဒေသ ကြီးအတွင်း မြို့နယ် ၄ ခုမှာ မူးယစ်ဆေး ဝါးတွေ စံချိန်တင် ဖမ်းဆီးရမိတာနဲ့ ပတ်သက်တဲ့ သံသယ ရှိသူ ၁၂ ဦးကို ဖမ်းဆီးရမိထားတယ်လို့ နေပြည်တော် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အဖွဲ့က ပြောပါတယ်။
2015-10-14
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာက မြစ်ရေတင်စီမံကိန်း အတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်က သိမ်းယူထားတဲ့ လယ်ယာမြေဧက ၅ဝဝ ကျော် အတွက် လျှော်ကြေးပေးဖို့ ဒေသခံတောင်သူ ၈ဝ လောက်က ဒီနေ့ ဟင်္သာတမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။