သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-06-10
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသက ဒေသခံ လယ်သမားတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေကို ယုဇနကုမ္ပဏီက သိမ်းယူထားတဲ့အမှု နဲ့ပတ်သက်ပြီး သူတို့ပိုင် လယ်ယာမြေတွေကို ပြန်လည်ပေးအပ်ဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးဌာန ၉ ခုကို လယ်သမားတွေက မနေ့က ဇွန်လ ၉ ရက်နေ့က စာရေး တင်ပြလိုက်ကြတယ်လို့ သိရပါတယ်။
2011-06-10
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ က အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးဟာ သူ့အပေါ် ၂၀၁၀ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တက္ကသိုလ် မြတ်သူက မဲ မသမာမှုနဲ့ စွဲဆိုထားတဲ့ အမှုမှာ အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။
2011-06-10
ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပြန်လည် ပူးပေါင်းပြီး ဒီကေဘီအေ ဌာနချုပ်ရှိရာ မြိုင်ကြီးငူကို ပြန်လည် သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်အပေါ် KNU, DKBA, BGF, ABSDF နဲ့ စစ်အစိုးရ ထောက်လှမ်းရေး အရာရှိဟောင်းတို့ရဲ့ အမြင်တွေကို စုစည်း တင်ပြထားပါတယ်။
2011-06-10
ပဲခူးမြို့စွန်ရှိ Cap-One ဦးထုပ်စက်ရုံက အလုပ်သမား ၅၀ ကျော်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဇွန်လ ၆ ရက်နေ့က သူတို့ နစ်နာချက်တွေအတွက် အလုပ်မဆင်းပဲ ဆန္ဒပြခဲ့ကြရာမှာ တောင်းဆိုချက်တချို့ကို စက်ရုံအုပ်ချုပ်ရေးက ဒီကနေ့ ဇွန်လ ၁၀ ရက်မှာ လိုက်လျောခဲ့တယ်လို့ သိရပါတယ်။
2011-06-10
မကြာသေးခင်က နေပြည်တော် မီးရထား ဘူတာတခု အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး အဖွဲ့ရဲ့ လက်ချက် ဖြစ်တယ်ဆိုတဲ့ မနေ့ကထုတ် မြန်မာ့ အလင်း သတင်းစာပါ စွပ်စွဲချက်ဟာ မဟုတ်မှန်ကြောင်း ကေအန်ယူက ငြင်းဆိုလိုက်ပါတယ်။
2011-06-10
မကွေးတိုင်း နတ်မောက် မြို့နယ် ရွှေပန်းတော ကျေးရွာ ကနေ နေပြည်တော် အထိ ဖောက်လုပ်နေတဲ့ မြေအောက် လျှို့ဝှက် ဥမင်လှိုင်ခေါင်း စီမံကိန်း အချောသတ် လုပ်ငန်းတွေ အတွက် ဒေသခံ ကျေးရွာသားတွေကို တရက် ငွေ ၂၀၀၀ ကျပ်ပေးပြီး နေ့စား အလုပ်သမားတွေ အဖြစ် စတင် ခေါ်ယူ ခိုင်းစေ နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
2011-06-09
၂၀၀၇ ကတည်းက အခမဲ့စာသင်ကျောင်း ဖွင့်လှစ်သင်ကြားနေပြီး ၂၀၀၈ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းပြင်ဆောက်ချိန်မှာ ကျောင်းကို အမေ့အိမ် ဆိုတဲ့ နံမည်တပ်တဲ့အတွက် မြောက်ဥက္ကလာပ မြို့နယ်က စာသင်ကျောင်း ဖိအားပေးခံနေရတယ်လို့ စုံစမ်းသိရပါတယ်။
2011-06-09
တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်မယ့် စီမံကိန်းမှာ ဒေသခံ လူဦးရေ တသောင်း ရွှေ့ပြောင်းပေးရမှာ ဖြစ်တယ်လို့ ရေနက်ဆိပ်ကမ်း တာဝန်ယူ ဆောက်လုပ်မဲ့ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီက ဒီကနေ့ ဇွန်လ ၉ ရက်မှာ ထုတ်ဖော် ပြောထားပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ဒီအရေအတွက်ထက် ၂ ဆလောက် များနိုင်တယ်လို့ ပြောနေပါတယ်။
2011-06-09
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာအစိုးရ တပ်တွေအကြား ဒီနေ့ ဇွန်လ ၉ ရက် မနက်စောစောက မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာ ၂ ဖက် ထိခိုက် ကျဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။
2011-06-09
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ဒေါက်တာ ကျော်ရင်လှိုင် ဦးဆောင်တဲ့ ဆရာအဖွဲ့က လာမဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ပြုလုပ်မဲ့ နိုင်ငံရေးသိပ္ပံ သင်တန်းကို ရက်ရွှေ့လိုက်ရတယ်လို့ သတင်းရရှိပါတယ်။
2011-06-09
ဇွန်လ ၈ ရက် မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ စာပေစိစစ်ရေး ဆိုင်ရာ မူဝါဒပြောင်းလဲမှု အသိပေး ရှင်းလင်းပွဲမှာ မဂ္ဂဇင်းနဲ့ဂျာနယ် ၁၇၈ စောင်ကို အရင်က စာပေစိစစ်ရေး တင်ပြီးမှ ထုတ်ဝေရတဲ့ အခြေအနေကနေ ၊ မူအသစ်အရ ထုတ်ဝေပြီးမှ စာပေစိစစ်ရေးကို တင်ပြ အစစ်ဆေးခံရမယ်လို့ ပြောင်းလဲခဲ့ကြောင်း သိရပါတယ်။
2011-06-09
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းနိုင်ခွင့် မရှိသေးတာနဲ့ ပတ်သက်လို့ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့က ILOညီလာခံမှာ မြန်မာအစိုးရ ကိုယ်စားလှယ်တွေကို ဝေဖန် ထောက်ပြ ခဲ့ကြတယ်လို့ သိရပါတယ်။
2011-06-09
မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်ရေးကနေ ဦးသိန်းစိန် အရပ်သား အစိုးရကို ပြောင်းလဲသွားခဲ့ပေမယ့် နှစ်ပေါင်း များစွာ တည်ရှိနေခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်းတွေကတော့ တစုံတရာ ပြောင်းလဲ တိုးတက်မှု မရှိသေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ပြောကြားလိုက်ပါတယ်။
2011-06-08
လှိုင်သာယာ စက်မှုဇုန် (၄) ဝက်မစွပ်ဝန်ထောက်လမ်း မှာရှိတဲ့ Tailor Garment အထည်ချုပ် စက်ရုံက အလုပ်သမား (၁၀၀) ကျော်ဟာ လုပ်ခလစာ နည်းလွန်းတဲ့ အတွက် ဇွန်လ (၅) ရက်နေ့ တနင်္ဂနွေနေ့ ကနေ့ စတင်ပြီး အလုပ်မဆင်းပဲ စက်ရုံရှေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ စုံစမ်း သိရှိရ ပါတယ်။
2011-06-08
ဒေသခံ တောင်သူတွေရဲ့ သဘောတူညီချက် မရလို့ မဆောက်ဖြစ်တဲ့ ပလပ်စတစ်ပိုက် စက်ရုံ ကို တခြား နေရာမှာ ဒေသခံတွေရဲ့ သဘောတူညီချက် အရ ဆောက်လုပ်တော့မယ် ဆိုပြီး အာဏာပိုင်တွေနဲ့ ဦးပိုင် လိမီတက်တို့ မရိုးမသား ဆောင်ရွက်သွားတယ်လို့ ကမ္မမြို့နယ် ဒေသခံတွေက RFA ကို ပြောပါတယ်။