သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-06-21
ပုဒ်မ ၆၆ ဃ နဲ့ ဖမ်းဆီးထားတဲ့ Voice နေ့ စဉ်သတင်းစာ အယ်ဒီတာချုပ် ဦးကျော် မင်းဆွေကို ပြန်လွှတ်ပေးဖု့ိ့ ပြင်သစ် အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ကြေညာချက်တစောင် မနေ့ကထုတ်ပြန်ပြီး မြန်မာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2017-06-21
ရခိုင်ပြည်နယ် မောင်တောမြို့ ၊ မေယုတောင်ကြားမှာ အကြမ်းဖက် သင်တန်းပေးနေတဲ့အပြင် လူနေဥမင်လှိုင်ခေါင်းတွေ ပါတွေ့ရတဲ့အတွက် တပ်မတော်ကနယ်မြေရှင်း လင်းရေးတွေ လုပ်ဆောင်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။
2017-06-21
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အတွင်း ကျူးကျော်အဖြစ် သတ်မှတ်ခံထားရ တဲ့ အိမ်ထောင်စု ၅ထောင်နီးပါးကို ကျူးကျော်နေထိုင် သူ ဖြစ်ကြောင်း ထောက်ခံချက်ကဒ်တွေ ဒီကနေ့ ထုတ်ပေးခဲ့ ပါတယ်။
2017-06-21
တိုင်းပြည်တိုးတက်ဖို့အတွက် ငြိမ်းချမ်းရေး ရအောင် ပြည်သူတွေပူးပေါင်းပါဝင်ကြဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဗန်းမော်မြို့ခံတွေကို တိုက်တွန်းလိုက် ပါတယ်။
2017-06-21
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အပါအဝင် ဟူးကောင်းဒေသကို တပ်မတော်က ထိုး စစ်ဆင်နေတာ ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်မှုအပေါ် တစ်စုံတရာ ရိုက်ခတ်လာနိုင်တယ်လို့ ကချင်နိုင်ငံရေးပါတီ များ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ KPCC က ဒီကနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
2017-06-21
ရခိုင်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူဦးရေ တစ်ထောင်နီးပါးအထိ တိုးလာနေပြီး သေဆုံးသူဦးရေဟာ ၁၂ ဦး အထိ ရှိနေပြီလို့ သိရပါတယ်။
2017-06-21
နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးပြစ်မှုဆို တာကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ လတ်တလော အစီအစဉ်မရှိသေးဘူးလို့ ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ဒီကနေ့ ပြော ကြားခဲ့ပါတယ်။
2017-06-21
ကရင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေး စက်ရုံ တည်ဆောက်မှာဖြစ်ပြီး ဆိုးကျိုးဖြစ်လာရင် ပြည်သူကပေး တဲ့ ပြစ်ဒဏ်ခံယူဖို့ အသင့်ရှိကြောင်း ပြည်နယ်ဝန်ကြီး ချုပ်နန်းခင်ထွေးမြင့် က ပြောပါတယ်။
2017-06-20
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းက ကျေး ရွာတွေ မှာ လယ်သမားတွေဟာ ကောက်စိုက်ခ ကြီးမြင့် တာတွေ ကြုံတွေ့နေရသလို၊ ပျိုးပင်တွေကို ကိုက်ဖြတ်တဲ့ ခရုတွေ ဝင်ရောက် ဖျက်ဆီးတာတွေနဲ့ လည်း ကြုံတွေ့နေရပါတယ်။
2017-06-20
ဇွန်လ ၂ဝရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ကရင် ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်က ဦးဆောင် ကျင်းပခဲ့ပါတယ်။
2017-06-20
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် စဉ့်ငူရပ်ကွက်အတွင်းက အိမ်ခြေ ၃ ရာကျော်ကို ကျူးကျော်နေအိမ်တွေအဖြစ် သတ်မှတ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက မနေ့ညက လိုက်လံအသိပေးခဲ့ ပါတယ်။ ကျူးကျော်အဖြစ် သတ်မှတ်ခံရတဲ့ နေအိမ်တွေထဲမှာ ၁၉၉ဝ ပြည့်လွန်နှစ်တွေ ကတည်းက အခြေချ နေထိုင်လာသူတွေ ပါသလို၊ ပြီးခဲ့တဲ့နှစ်တွေကမှ ကျပ်သိန်းရာချီပေးပြီး ဝယ်ခဲ့ကြသူတွေလည်း ရှိနေပါတယ်။
2017-06-20
တရုတ်ဘဏ်တွေမှာ အပ်နှံထားတဲ့ မြန်မာနိုင်ငံ သားတွေရဲ့ ဘဏ်ငွေစာရင်းတွေ အပိတ်ခံထားရတဲ့ အတွက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အခက်အခဲတွေဖြစ်နေပါတယ်။ ဒီကိစ္စကို အမြန် ဆုံးဖြေရှင်းပေးဖို့အတွက် တရုတ်နိုင်ငံဖက်က သက် ဆိုင်ရာဌာနဆိုင်ရာတွေဆီ အကြောင်းကြားထား တယ်လို့ မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း က ပြောပါတယ်။
2017-06-20
မြန်မာသတင်းသမားများကာကွယ်ရေး ကော်မတီဟာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖျက်သိမ်းရေး လက်မှတ်စုဆောင်းမှုကို မနက်ဖြန်မှာ စတင်ပြီး ကောက်ခံရရှိတဲ့လက်မှတ်တွေကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ ပေးပို့သွားမယ်လို့ သိရပါတယ်။
2017-06-20
ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုံအမှတ် (၁) က ဂျပန်လူမျိုးပိုင် Honeys Garment အထည်ချုပ်စက်ရုံ မှာ ဒီရက်ပိုင်းဆက်တိုက်ဆိုသလို အလုပ်သမား ၄ဝဝ နီးပါးကို အလုပ်ထုတ်လိုက်တဲ့အတွက် ပြဿနာ တက်နေပါတယ်။
2017-06-20
မြန်မာနိုင်ငံထဲမှာ ပုဂ္ဂလိကကျောင်းတွေ များလာတာကြောင့် အရင်ကထက်ရွေးချယ်စရာ တွေပိုများလာတာဟာ ကျေနပ်စရာဖြစ်ပါတယ်။