သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-22
စက်တင်ဘာလ ၂၁ ရက်၊ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေ ရန်ကုန်မြို့မှာ စုပေါင်းချီတက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2015-09-22
မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးဟာ အခြေခံလူတန်းစား အတွက်ဟုတ်ရဲ့လားဆိုတာ ပြန်လည်ဆန်းစစ်ဖို့လိုပြီလို့ သဘာဝပတ်ဝန်းကျင်နဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ EcoDev အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းမျိုးသူက အမေရိ ကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့ကကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ မှာ ပြောကြားလိုက်ပါတယ်။
2015-09-21
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်က ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ ခွင့် ၅ ရက်ယူတဲ့ အလုပ်သမားတွေကို အလုပ်ကနေ ထုတ်ပယ်တာတွေ ရှိနေတဲ့အတွက် အလုပ်သမား ၇ဝဝ ကျော်က မနေ့က စက်ရုံတွင်းမှာ မိုးပြာရောင် ဖဲကြိုး တပ်ဆင်ပြီး ကန့်ကွက်ကြပါတယ်။
2015-09-21
၂ဝ၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာ မယ့် အစိုးရကို ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးဖို့ တင်ပြတောင်းဆို သွားမယ်လို့ ကချင်ပြည်နယ် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ NUP က ပြောပါတယ်။
2015-09-21
မျိုးစောင့်ဥပဒေ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို မန္တလေးမြို့မှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)က ဦးစီးပြီး မန္တလေးတိုင်း အတွင်းမှာရှိတဲ့ သံဃာတော်၊ သီလရှင်နဲ့ မဘသအဖွဲ့ဝင် သုံးသောင်းကျော်တို့က စီတန်းလှည့်လည်ပြီး ပြုလုပ်ခဲ့ ပါတယ်။
2015-09-21
မဲစာရင်းတွေကို စစ်ဆေးကြဖို့နဲ့ မဲပေးဖို့ အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေဟာ ဧရာဝတီတိုင်းဒေသကြီးက ကျုံပျော်၊ ကျောင်းကုန်း၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့ နယ်တွေမှာ လက်ကမ်းစာစောင်တွေဝေငှပြီး လိုက် လံနှိုးဆော်နေပါတယ်။
2015-09-21
တပ်မတော်အနေနဲ့ အာဏာသိမ်းဖို့ အစီအစဉ်လည်းမရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရသာ လုပ်ဆောင်ရမှာဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောပါတယ်။
2015-09-21
အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေ၊ ကျောင်းသားကျောင်း သူတွေကို လွှတ်ပေးဖို့ ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင် ရာ ငြိမ်းချမ်းရေးနေ့မှာ စုပေါင်းချီတက်လမ်းလျှောက်သူတွေ က တောင်းဆိုလိုက်ပါတယ်။
2015-09-21
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူး မြို့နယ်က ကျေးရွာတွေမှာ ဒီကနေ့ စပြီးမဲဆွယ်စည်း ရုံးဟောပြောခဲ့ပါတယ်။
2015-09-21
မဲစာရင်းတွေမှာ သေဆုံးသူတွေ ပါနေတယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြခဲ့ပေမယ့် အမှားတွေကို ပြင်ပေးတာမရှိဘဲ အခုထုတ်ပြန်ထားတဲ့ စာရင်းမှာလည်း သေဆုံး သူတွေပါနေတာကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေမရှိဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒီကနေ့ ပြောလိုက်ပါတယ်။
2015-09-21
ကျန်းမာရေးဝန်ကြီးဌာနမှာ တပ်မတော်အရာရှိတွေ တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်နေတဲ့အတွက် ဆရာဝန်တွေက အနက်ရောင်ဖဲကြိုးတွေ တပ်ဆင် ပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်က တိပိဋကတ်ကျောင်းတိုက်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောလိုက်ပါတယ်။
2015-09-21
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ဟာ မဲဆန္ဒနယ် တစ်ခု အတိုင်းအတာနဲ့ဆိုရင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ အများဆုံး ဝင်ရောက်ယှဉ်ပြိုင် မယ့် မဲဆန္ဒနယ်မြေဖြစ်ပါတယ်။
2015-09-21
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ရွေးကောက်ပွဲအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပါတယ်။
2015-09-20
၂ဝ၁၅ အထွေထွေရွေးကောက်ပွဲမှာ မြိတ်ခရိုင်အခြေစိုက် တပ်မတော်သား မဲပေးပိုင်ခွင့်ရှိသူ တစ်သောင်း တစ်ထောင်ကျော်ရှိတယ်လို့ မြိတ်ခရိုင်ရွေးကောက် ပွဲကော်မရှင် ရွေးကောက်ပွဲ အရာရှိ တစ်ဦးက ပြောပါတယ်။
2015-09-20
ကျန်းမာရေးဝန်ကြီးဌာနကို တပ်မတော် အရာရှိတွေက ဝင်ရောက်တာဝန် ထမ်းဆောင်တာကို ကန့်ကွက်တဲ့ အနက်ရောင်ဖဲကြိုးလှုပ်ရှား မှုတွေကို တစ်ပြည်လုံး အတိုင်းအတာနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆရာ ဝန်တွေက ပြောပါတယ်။