သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-09-16
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို ကုသပေးဖို့အတွက် ရန်ကုန်၊ သင်္ဃန်းကျွန်း မြို့နယ် သုဝဏ္ဏ မြက်ခင်းတု ဘောလုံးကွင်းမှာ ကုတင် လေးရာဆံ့ ယာယီဆေးရုံ တည်ဆောက်နေပါတယ်။
2020-09-16
ရခိုင်ပြည်နယ်က မြို့နယ် ရှစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဟန့်တားနိုင်ရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေထိုင်နေရသူတွေကို အသင့် စားသုံးနိုင်တဲ့ အစားအစာ ထောက်ပံ့မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က စက်တင်ဘာ ၁၅ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။
2020-09-16
ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ ပတ်သက်လို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီး တရားစွဲခံရတဲ့ ကျောင်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ရခိုင်လူငယ်မျိုးဆက်သစ်-ကွန်ရက်က ဒီနေ့မနက်မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2020-09-16
ချင်းပြည်နယ်၊ ပလက်ဝမြို့ကနေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အခုလ ဒုတိယ အပတ်အတွင်း သွားခဲ့တဲ့ အရပ်သား ၄၁ ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ၊ ညမထွက်ရအမိန့်တို့ကို ချိုးဖောက်မှုတွေနဲ့ အရေးယူထားတယ်လို့ ပလက်ဝ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။
2020-09-16
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မနေ့ညက မိုးကြီးပြီး ဒီနေ့မနက်မှာ ကျေးရွာ တချို့က မြေသားနံရံပြိုကျခဲ့လို့ လူလေးဦး သေဆုံးသွားပါတယ်။
2020-09-15
အခုအချိန်ထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ စုစုပေါင်း ၃၅ ယောက် ရှိသွားပြီဖြစ်ပြီးတော့ ရောဂါကူးစက်ခံရတဲ့သူ စုစုပေါင်း ၃၅၀၂ ယောက် ရှိသွားပါပြီ။
2020-09-15
နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပြန်လည်သုံးသပ်ပေးဖို့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၂၀ ကျော်က ဒီနေ့ရက်စွဲနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
2020-09-15
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ကပ်ရောဂါဘေးနဲ့ စစ်ဘေးကို တစ်ပြိုင်နက်တည်း ကြုံတွေ့နေရတာကြောင့် လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေမှာ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
2020-09-15
ဝန်ကြီးချုပ်ရာထူးကနေ ရပ်စဲခံလိုက်ရတဲ့ ကယားဝန်ကြီးချုပ်ဟောင်းကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးပေးဖို့ ကယားပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ်က တိုင်ကြားထားပါတယ်။
2020-09-15
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို တပ်မတော်အနေနဲ့ စုံစမ်းစစ်ဆေးတာတွေလုပ်နေပြီး ဒီအထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက စွပ်စွဲမှုတွေရှိခဲ့တဲ့ ဘူးသီးတောင်မြို့နယ် တောင်ဘဇားကျေးရွာ ကိစ္စ၊ မောင်တောမြို့နယ်က ကျေးရွာတွေကိစ္စလည်း ပါဝင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
2020-09-15
တရုတ်နိုင်ငံ၊ ရွှေလီမြို့ထဲမှာ မြန်မာနိုင်ငံသား နှစ်ဦးထံကနေ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လို့ ဒီနေ့ မနက်ပိုင်း ရွှေလီနဲ့ ကျယ်ဂေါင်မြို့အတွင်းက လမ်းသွယ်တွေ၊ ဆိုင်တွေကို ပိတ်ထားလိုက်ပါပြီ။
2020-09-15
နှစ်နိုင်ငံနယ်စပ်မှာ မြန်မာ့တပ်မတော်က လုံခြုံရေး တိုးမြှင့်ချထားတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လိုက်ပါတယ်။
2020-09-15
၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က မြန်မာ့တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ထွက်ပြေးသွားတာ သုံးနှစ်ရှိပြီဖြစ်တဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဖြေရှင်းနိုင်တာ မရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။
2020-09-15
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသက်တမ်း နှစ်ခုလုံးမှာ ကယားပြည်နယ်၊ ဘောလခဲမြို့ရဲ့ အပြောင်းအလဲ ထင်သလောက် ခရီးမပေါက်ခဲ့တာကြောင့် တကယ်ပြောင်းလဲပေးနိုင်မယ့်သူကို မျှော်လင့်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။
2020-09-15
ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မန်ကောင်းကျေးရွာအနီး တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော်ဟာ သူတို့ရွာနဲ့ မိုင်နှစ်ဆယ်ကျော်ဝေးတဲ့ ကျူကုတ် (ပန်ဆိုင်း)လမ်းပေါ်မှာရှိတဲ့ မန်ပြိန်းရွာ ကချင်ဘုရားကျောင်းနဲ့ ဆွေမျိုးအိမ်တွေမှာ သွားရောက်ခိုလှုံနေရပါတယ်။