သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-18
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်တွေ ဟာ ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေကို ဒီနေ့ကစပြီး ၂ ရက် ကြာ သွားရောက်လေ့ လာမှာဖြစ်ပါတယ်။
2017-09-18
အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုဖမ်းဆီးခံထားရတဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချို အပါအဝင် ၅ဦး အမှုကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ စစ်ဆေး ခဲ့ပါတယ်။
2017-09-17
ကမ္ဘာ့သတင်းမီဒီယာလောကနဲ့ ယှဉ်ရင် မြန်မာ့ မီဒီယာက ခေတ်နောက်ကျပေမယ့် ပဋိပက္ခ နယ်မြေတွေမှာ သတင်းထောက်တွေ သတင်း သွားယူလေ့ရှိပေမယ့် ရခိုင်ပြည်နယ် အခြေ အနေကတော့ တမျိုးဖြစ်ပါတယ်။
2017-09-17
ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်မြေတည်ငြိမ်မှုမရှိသေးတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတဲ့ အခြေအနေကို ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေပြီး မကြာခင်မှာ ကုန်သွယ်ရေးဟာ အရင်အတိုင်း လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ပြောပါတယ်။
2017-09-17
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILOရဲ့ စံနှုန်းအတိုင်း တစ်နေ့အနည်းဆုံးလုပ်အားခ ဘတ် ၇၀၀ ပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် MWRN အဖွဲ့ နဲ့ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ထိုင်းနိုင်ငံအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
2017-09-17
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ညီညွတ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။
2017-09-17
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ASRA အစွန်းရောက် အကြမ်းဖက်သမားတွေ လူအင်အား လက်နက်အင်အားစုစည်းမှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် ရရှိထားတဲ့ သတင်းတွေကိုအတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး က ပြောပါတယ်။
2017-09-17
စစ်ကိုင်းတိုင်းဒေသကြီး နန်စီပွန်ဒေသအုပ်ချုပ်ရေးမှူးအပါအဝင် ၁၁ ဦးကို မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေ တယ်ဆိုပြီး မသင်္ကာမှုနဲ့ ဒီနေ့မနက် အစောပိုင်းမှာ အထူးရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးရာမှာ ကျောက်စိမ်း အရိုင်းတုံးတွေ လက်ဝယ်တွေ့ရှိတာကြောင့် ဖမ်းဆီးလိုက်ပါတယ်။
2017-09-17
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ ကို ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ် ရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူ တွေနဲ့ တရားခံအစစ်အမှန် ဖမ်းဆီး ရမိရေး ဆောင်ရွက်ဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးကို ညွှန်ကြားထားတယ်လို့ တိုင်းဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။
2017-09-17
ရခိုင်ပြည်နယ် မောင်တောဒေသမှာ နေရပ်စွန့်ခွာပြောင်းရွှေ့လာသူတွေကို ပြန်လည်နေရာ ချထားရေးအပါအဝင် အရေးကြီးကိစ္စ သုံးခုကို ပြည်နယ်အစိုးရက ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
2017-09-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းယူခံလိုက်ရတဲ့ မြေယာတွေက သီးနှံလျော်ကြေးရရှိဖို့ ဆောင်ရွက်ပေးမယ့်အကြောင်း ဆားလင်းကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဒေသခံတောင်သူတွေကို ကတိပေးခဲ့တယ်လို့ သိရပါတယ်။
2017-09-17
အနည်းဆုံးလုပ်ခလစာ အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့၊ အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်ဖို့၊ အလုပ်ရှင် အလုပ်သမားအငြင်းပွားမှု ဥပဒေမှာ ထောင်ဒဏ် ထည့်သွင်းပေးဖို့အပါအဝင် အချက် ၆ ချက်ကို အလုပ်သမား ၁ ထောင်ကျော်က မန္တလေးမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-09-16
ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီ ပွန်ဒေသကို ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ စက် သုံးဆီတွေအများအပြားသယ်ယူပို့ဆောင်နေ မှုကို တားမြစ် စစ်ဆေးမှုတွေပြုလုပ်နေရာမှာ ဒေသခံ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် လူတစ်ဦးကို ဆန် ၁၀ အိတ်အထိ သယ်ယူခွင့် ပြန်လည်ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။
2017-09-16
စက်တင်ဘာလ ၁၆ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ" မောင်တောဒေသအရေးအပေါ် သတင်းသမားတွေရဲ့ အမြင်" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မနှင်းရတနာဇော် (သတင်းထောက်) နဲ့ ကိုသီဟသွေး (သတင်းထောက်) တို့က ပင်တိုင် ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
2017-09-16
ရခိုင်ပြည်နယ်က ထွက်ပြေးသွားခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေ ထဲ ရောက်ရှိနေကြသူတွေကို သတ်မှတ်ထားတဲ့ ဧရိယာထဲကနေ ပြင်ပကို သွားလာထွက်ခွာခွင့် အစိုးရက ပိတ်ပင်လိုက်ပါတယ်။