သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-07
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး ဟာ မနေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ မဲဆွယ်စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲ ကျင်းပတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ရန်ကုန်မြို့ ၃၂ လမ်းမှာ ကျင်းပခဲ့ပါတယ်။
2015-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ခါနန်ရပ်ကွက် က လောကမာရဇိန်ဘုရားဝင်းမှာ ဒီနေ့ မဲဆွယ်စည်းရုံး ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-10-07
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့နယ်က ဒေသခံတွေဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သိရှိမှု အားနည်းနေတာအပြင် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေက ခြိမ်းခြောက် ဖိအားပေးပြောဆိုမှုတွေကြောင့် ကိုယ်စားလှယ်လောင်းတွေ သွားရောက် မဲဆွယ်စည်းရုံးရာမှာ ကျေးရွာသားတွေက လက်မခံကြဘူးလို့ သိရပါတယ်။
2015-10-07
ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ် နောင်ခြေရွာနား က SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ်ဟိုင်း) အဖွဲ့နဲ့ အစိုးရ တပ်မတော်တို့ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။
2015-10-07
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်က မဲရုံတွေမှာ တာဝန်ထမ်းဆောင်မယ့် မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းတွေ လိုက်နာဆောင်ရွက်ရမယ့် စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက သင်တန်းပို့ချခဲ့ပါတယ်။
2015-10-07
မကွေး-နတ်မောက် မီးရထားလမ်း ဖောက်လုပ်ရေးအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပချိန်နီးကာမှ လျော်ကြေးထုတ်ပေးနေတာဟာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဖြစ်သလို ရရှိတဲ့လျော်ကြေးကလည်း ကာလတန်ဖိုးနဲ့ မညီမျှဘူးလို့ မကွေးဒေသခံတွေက ပြောပါတယ်။
2015-10-07
ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးရမလဲ ဆိုတဲ့နည်းလမ်းတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်း မြိတ်မြို့နယ်မှာ ဒေသခံတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ရှင်းပြခဲ့ပါတယ်။
2015-10-07
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို ထုတ်လွှင့်ပေးနေပါတယ်။ ဒီကနေ့ အလှည့်ကျတာကတာ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
2015-10-07
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့ ၃၂ လမ်းမှာ အောက်တိုဘာလ ၆ရက် ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
2015-10-07
တနင်္သာရီတိုင်းအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးဟာ အောက်တိုဘာလ ၆ ရက်နေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-07
ကချင်ပြည်နယ်ကို မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာလ ၅ ရက်က ဗန်းမော်မြို့မှာ ဟောပြောခဲ့ပြီး ဒီကနေ့ မိုးမောက်မြို့မှာ ဟောပြောခဲ့ပါတယ်။
2015-10-06
အင်ဒိုနီးရှားနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ လူကုန်ကူးခံခဲ့ရပြီး၊ အမ်ဘုံကျွန်း မှာ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသား ၁၃၀ ကို သူတို့ရဲ့ လုပ်ခလစာကိစ္စတွေ ဖြေရှင်းပြီးတဲ့နောက် ဒီလကုန် မှာ မြန်မာနိုင်ငံ ပြန်ပို့နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
2015-10-06
ရခိုင်ပြည်နယ် အနောက်ပိုင်း ဒုက္ခသည် စခန်းတစ်ခုမှာ ကျန်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေစီးထွက်ခွာသူတွေကို မူလနိုင်ငံပြန်ပို့ဖို့ မြန်မာအာဏာပိုင်တွေ စီစဉ်နေပါတယ်။
2015-10-06
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က ထုံးမကျီးကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားတာကြောင့် မြစ်ကမ်းပါးပြိုကျရာမှာ အိမ်ခြေ ၁၂၀ ကျော် ပျက်စီးသွားပါတယ်။